Skip to Menu Skip to Content Skip to Footer

Chick Pea


The chickpea (Binomial name is Cicer arietinum) (also garbanzo bean, Indian pea, ceci bean, Bengal gram) is an edible legume of the family Fabaceae, subfamily Faboideae. Chickpeas are high in protein and one of the earliest cultivated vegetables; 7,500-year-old remains have been found in the Middle East.[1]

Chickpea , the third most important food legume of the world is commonly known as chana and Garbanzo beans. It contains 25 per cent proteins, which is the maximum among pulses and 60 per cent carbohydrates along with significant amounts of molybdenum, zinc, folate, manganese and dietary fibre.

This crop, mainly cultivated in rabi season, has the capacity to withstand drought conditions. Two types of chickpea are produced namely Desi and Kabuli, which are classified on the basis the seed size, colour and taste. About 20-25 per cent of the chickpea production in the world is Kabuli and the remainder is Desi. The large Kabuli type is used mainly in salad bars and vegetable mixes. Chickpeas are also used as a vegetable and in preparing a wide variety of snack foods, soups, sweets, and condiments. Smaller size Kabuli chickpeas are used whole, de-hulled and split to produce dal, or ground into fine flour called besan. In West Asia, consumption is based on a popular dish known as “hummus” which is produced from mashed chickpeas. In many regions, young plants and green pods are eaten like spinach.


Global production

With an estimated global production of 9.7 million tonnes in 2008-09, chickpea is grown in about 50 countries around the world covering an area of 11 million ha with an average global productivity of 881 kg per hectare. India is the leading producer of chickpea contributing to about 70 per cent of the world's chickpea production, followed by Pakistan (8 per cent) and Turkey (6 per cent). Yield levels are significantly higher for countries such as Yemen (2.7 tonnes/ha), Bosnia (2.6 tonnes/ha) and China (2.4 tonnes/ha).

•    India has a variable trend of chickpea production, thereby, impacting the world production trend in chickpea over the years. There has been a steady increase in the area under chickpeas from 6.71 million ha in 2004-05 to 7.85 million ha in 2008-09 but the production shows variations owing to several factors such as rainfall pattern and disease incidence. During 2008-09, the chickpea production was about seven million tonnes, with average productivity of 894 kg per hectare.


World Export

World exports during the past 10 years were variable, depending mainly on domestic production volumes in India and other countries, which both produce and import chickpeas. India and surrounding countries import mainly the Desi type, while countries in North and South America, Europe, West Asia and Africa import mainly the Kabuli type. Top chickpea exporters of the world were Australia (524996 tonnes), Mexico (1,44,036 tonnes), India (89,161 tonnes) and Turkey (88,507 tonnes) in 2009.The leading importers of chickpea were India (303885 tonnes), Pakistan (1,98,910), Algeria (53,574) and UK (27,219).
With a huge domestic demand, India is a net importer of chickpea and has a share of about 28 per cent in world chickpea import market. India imports chickpea mainly from Australia (70 per cent), Canada (4 per cent), Myanmar (4 per cent), Tanzania (10 per cent) and the US (3 per cent). However, there is also a significant share of India in global chickpea exports. India exported 95,264 tonnes of chickpea in 2009-10, which included dried and shelled chickpea. Major export destinations for chickpea from India are Pakistan, Sri Lanka, Algeria, Turkey and the UAE.

Production of Myanmar

Chickpea is gown in winter only and is harvested between February to April. Producing States and Divisions are Sagaing, Pago ( West), Magway, Mandalay  and Ayeyarwaddy.

Export of Myanmar

Last few years, It exported most of its production but it exports to down treand in this year. It exported to India,  Singapore, Indonesia, Malaysia, and  UAE by  oversea . Export Volumes are about 60000 tonnes in 2006-07, about 120000 tonnes in 2007-08, about 90000 tonnes in 2008-09, about 50000 tonnes in 2009-10 and about 4000 in 2010-11(up to november).


ကုလားပဲကို chickpea, Bengal gram, Chana ဟု ခေါ်ဆိုပြီး Binomial အမည်မှာ Cicer arietinum ဖြစ်ပါသည်။ ပရိုတိန်းအများဆုံးပါဝင်သည့် သီးနှံဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇၅ဝဝ ခန့်ကပင် စိုက်ပျိုးခဲ့ကြောင်းသိရပါသည်။  ပရိုတိန်းဓါတ်ပဝင်မှု ၂၅ ရာခိုင်နှုန်းပါဝင်ပြီး ကာဘိုဟိုက်ဒရိတ် ၆ဝ ရာခိုင်နှုန်းပါဝင်ကြောင်း သိရပါသည်။ ဆောင်းရာသီတွင် စိုက်ပျိုးပြီး မိုးခေါင်ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိပါသည်။ ကုလားပဲကို အရောင်၊ အရွယ်အစားနှင့် အရသာများကို အခြေခံ၍ ဒေစီနှင့် ကာဘူလီကုလားပဲဟူ၍ နှစ်မျိုးခွဲထားပါသည်။ ကမ္ဘာ့ကုလားပဲထုတ်လုပ်မှု၏ ၂ဝ -၂၅ ရာခိုင်နှုန်းမှာ ကာဘူလီဖြစ်ပြီး ကျန်ပမာဏမှာ ဒေစီကုလားပဲဖြစ်ပါသည်။ ကုလားပဲကို ခွဲခြမ်းပြုလုပ်၍သော်လည်းကောင်း၊ အမှုန့်ကြိတ်၍သော်လည်းကောင်း ဟင်းလျာ၊ မုန့်အဖြစ်စားသုံးကြပါသည်။


ကမ္ဘာ့နိုင်ငံ ၅ဝ ခန့်တွင် စိုက်ဧရိယာ ဟက်တာ ၁၁ သန်းခန့်တွင် အထွက်နှုန်း တစ်ဟက်တာကို ၈၈၁ ကီလိုနှုန်းဖြင့် ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၉ ဒသမ ၇ သန်းခန့် ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထုတ်လုပ်မှု၏ ၇ဝ ရာခိုင်နှုန်းခန့်ထုတ်လုပ်ပြီး ပါကစ္စတန်နိုင်ငံမှ ၈ ရာခိုင်နှုန်း၊ တူရကီနိုင်ငံမှ ၆ ရာခိုင်နှုန်း အသီးသီးထုတ်လုပ်ကြောင်း သိရပါသည်။ ထူးခြားစွာ အထွက်နှုန်းမြင့်သည့် နိုင်ငံများမှာ ရီမင်တွင် တစ်ဟက်တာကို ၂ ဒသမ ၇ တန်၊  ဘော့စနီးယားတွင် ၂ ဒသမ ၆ တန်နှင့် တရုတ်တွင် ၂ ဒသမ ၄ တန်နှုန်းထွက်ရှိပါသည်။ အန္ဒိယနိုင်ငံအနေဖြင့် ၂ဝဝ၄-ဝ၅ တွင် စိုက်ဧရိယာဟက်တာ ၆ ဒသမ ၇၁ သန်းရှိရာမှ ၂ဝဝ၈-ဝ၉ တွင် ဟက်တာ ၇ ဒသမ ၈၅ သန်းအထိ တိုးတက်လာသော်လည်း ရာသီဥတုနှင့် ရောဂါကျရောက်မှုကြောင့် အထွက်နှုန်းတိုးတက်မှုမရှိကြောင်း သိရပါသည်။ ၂ဝဝ၈-ဝ၉ အတွင်း အထွက်နှုန်း ၈၉၄ ကီလိုဖြင့် တန်ချိန် ၇ သန်း ခန့်ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့တင်ပို့၊ တင်သွင်းမှု

အိန္ဒိယနှင့် ပတ်ဝန်းကျင်နိုင်ငံများမှ ဒေစီကုလားပဲမျိုးကို အဓိကတင်သွင်းပြီး အမေရိကားတောင်ပိုင်းနှင့် မြောက်ပိုင်း၊ ဥရောပ၊ အနောက်အာရှနှင့် အာဖရိကတို့မှ ကာဘူလီကုလားပဲကို တင်သွင်းကြောင်း သိရပါသည်။ ကမ္ဘာ့ထိပ်တန်း ကုလားပဲတင်ပို့သူများမှာ သြစတြေလျ၊ မက္ကစီကို၊ အိန္ဒိယနှင့် တူရကီတို့ ဖြစ်ပြီး တင်သွင်းမှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အယ်လ်ဂျီးရီးယားနှင့် ဗြိတိသျှတို့ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ စားသုံးမှုများသဖြင့် ကမ္ဘာ့ပဲတင်သွင်းမှုဝေစု၏ ၂၈ ရာခိုင်နှုန်း ရယူထားပြီး အဓိကအားဖြင့် သြစတြေးလျမှ ၇ဝ ရာခိုင်နှုန်း၊ ကနေဒါနှင့် မြန်မာနိုင်ငံတို့မှ ၄ ရာခိုင်နှုန်းစီ၊ တန်ဇန်းနီးယားမှ ၁ဝ ရာခိုင်နှုန်းနှင့် အမေရိကန်မှ ၃ ရာခိုင်နှုန်း တင်သွင်းကြောင်း သိရပါသည်။ သို့သော်လည်း တင်ပို့မှုမှာလည်း ထိပ်တန်းနေရာယူထားရာ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၉၅၂၆၄ ကို အဓိကအားဖြင့် ပါကစ္စတန်၊ သီရိလင်္ကာ၊ အယ်လဂျီရီးယား၊ တူရကီနှင့် ယူအေအီးတို့ကို တင်ပို့ကြောင်း သိရပါသည်။


ကုလားပဲကို မြန်မာနိုင်ငံတွင် အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီမှ ဧပြီလအတွင်း ရိတ်သိမ်းကြောင်း သိရပါသည်။ အများဆုံးစိုက်ပျိုးသည့် ပြည်နယ်များမှာ စစ်ကိုင်း၊ ပဲခူးအနောက်၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့ဖြစ်ပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ထုတ်လုပ်မှုအများစုကို ပြည်ပတင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့မှုကျဆင်းလာကြောင်း သိရပါသည်။ တင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ယူအေအီးတို့ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၆ဝဝဝဝ ခန့်၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၁၂ဝဝဝဝ ခန့်၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၉ဝဝဝဝ ခန့်၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၅ဝဝဝဝ ခန့်နှင့် ၂ဝ၁ဝ-၁၁ တွင် တန်ချိန် ၈ဝဝဝဝ ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။









ကုလားပဲအမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။
(က)    သီးနှံအမည်        -    ကုလားပဲ
(ခ)    ဒေသအခေါ်အဝေါ်    -    ကုလားပဲ၊ ဆင်ခေါင်းပဲ၊ ပဲဆင်ခေါင်း
(ဂ)    အင်္ဂလိပ်အမည်        -    GRAM WHOLE, YELLOW GRAM, TYSON, GRAM PEA, BENGAL GRAM
(ဃ)    ရုက္ခဗေဒအမည်        -    CICER ARIETNUM  LINN

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ကုလားပဲခေါ် ပဲဆင်ခေါင်း၏အရောင်မှာ အညိုဖျော့ရောင်ရှိသည်။ ကုလားပဲ၏ပုံသဏာန်မှာ ဆင်ခေါင်းပုံဖြစ်၍ အချို့က ပဲဆင်ခေါင်း၊ ဆင်ခေါင်းပဲဟုခေါ်ကြောင်းသိရသည်။ အချို့ကုလားပဲမှာ အဖြူရောင်၊ အဝါရောင် စသည်ဖြင့်လည်း အရောင်ကွဲပြားမှုရှိကြပါသည်။ အဖြူရောင်ရှိသည့် ကုလားပဲ အား ကုလားပဲ(အဖြူ) ဟူ၍လည်းကောင်း၊ အညိုဖျော့ရောင်ရှိသည့် ကုလားပဲအား ကုလားပဲ(အနီ) ဟူ၍လည်းကောင်း အရောင်ကိုလိုက်၍  ခေါ်ကြပါသည်။ ကုလားပဲတွင်ဒေဝီအမျိုးအနွယ်၊ ကာဘော်လီ အမျိုးအနွယ်ဟူ၍ မှတ်သားခေါ်ဝေါ်ကြပြီး ကာဘော်လီမျိုးနွယ်တွင် အစေ့ ၁ဝဝ ၌ အလေးချိန် ၉၂၅ ဂရမ် အထိ လေးပါသည်။ ကုလားပဲအဖြူမှာ ကာဘော်လီမျိုးနွယ်တွင် ပါဝင်ပါသည်။ ဒေဝီမျိုးနွယ်မှာ အစေ့ ၁ဝဝ လျှင် ၁၇ ဂရမ်ခန့်ရှိပါသည်။ ကုလားပဲ၏အလျားမှာ ၈ မီလီမီတာခန့်နှင့် အနံမှာ  ၅ မီလီ မီတာကျော်ရှိပါသည်။ ကုလားပဲဖြူလုံးသည် ယင်းအလျား၊ အနံထက် အနည်းငယ်ပို ပါသည်။

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ကုလားပဲသီးများ၏ ပုံသဏ္ဍာန်မှာ ဘဲဥပုံအတောင့်ပုံသဏ္ဍာန်ဖြစ်ပြီး ထိပ်တစ်ဘက်၌ ရှည်သော အချွန်ရှိသည်။ အခွံသည်ပါးလွှာသဖြင့် အလွယ်အကူ ခွဲယူနိုင်သည်။ အသီးတစ်ခုတွင် ကုလားပဲစေ့ နှစ်စေ့၊ သုံးစေ့ခန့်သာ ပါတတ်ပါသည်။ ကုလားပဲတစ်ပင်လျှင် သီးတောင့်၅ဝ မှ ၈ဝ အထိ ပါတတ် ပါသည်။

ကုလားပဲတွင်ပါဝင်သော အဟာရဓါတ်များ

ကုလားပဲတွင် ပါဝင်သော အာဟာရဓါတ်ကို အောက်ပါအတိုင်း တွေ့ရှိပါသည်။

အစိုဓါတ် (Moisture %)
10.17 %
(၂) အဆီဓါတ် (Fat %) 4.10  %
(၃) အမျှင်ဓါတ်    (Fibre %)     
18.64 %
ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 63.9  %
(၅) ပြာဓါတ် (Ash %)     
3.1  %


ကုလားပဲ၏မူရင်းဒေသ (ORIGIN)

ကုလားပဲ၏ စတင်ရာဒေသနှင့်ပတ်သက်၍ အယူအဆနှစ်မျိုးရှိခဲ့ပါသည်။ တစ်မျိုးမှာ ဥရောပ တောင်ပိုင်း (သို့မဟုတ်) အနောက်အာရှတစ်နေရာမှ ဖြစ်ကြောင်း၊ ကျန်တစ်မျိုးမှာ အရိုင်းပင်မှ ထွက်ပေါ်လာသည့်သီးနှံမဟုတ်ဘဲ လူတို့ပြုစုပျိုးထောင်ရာမှ ဖြစ်ပေါ်လာသည့် အနောက်အာရှနှင့် မြေထဲပင်လယ်အရှေ့ပိုင်းမှဖြစ်ကြောင်း ဖော်ညွှန်းကြပါသည်။ မြန်မာကုလားပဲမှာ လွန်ခဲ့သော အနှစ် ၁၅ဝ ခန့်က အိန္ဒိယပြည်မှ ရယူစိုက်ပျိုးခဲ့ဟန်တူကြောင်း သိရပါသည်။ ကုလားပဲသည် ရှေးအကျဆုံးပဲ တစ်မျိုးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ကျော်ကပင် စိုက်ပျိုးခဲ့ကြသည်ဟု လေ့လာသိရှိရပါသည်။ ကုလားပဲကို အိန္ဒိယ၊ ဥရောပ၊ အမေရိက၊ အာဖရိကနှင့် အာရှတိုက်အနောက်တောင်ပိုင်းနှင့် အာရှ နေရာအနှံအပြားတို့တွင် စိုက်ပျိုးကြပါသည်။


ကုလားပဲကို မြန်မာပြည်တွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် အများအပြားစိုက်ပျိုးပြီး၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြသည်။

ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ကုလားပဲသည် ဆောင်းသီးနှံဖြစ်ပြီး နေ့ပူ-ညအေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးအထူးမလိုအပ်ဘဲ ဆောင်းနှင့်အစိုဓါတ်ဖြင့်ပင် ရှင်သန်အောင်မြင်နိုင်ပါသည်။
ကုလားပဲသီးနှံသည် အအေးဓါတ်ရရှိရန် လိုအပ်သည့်သီးနှံဖြစ်သည့်အလျောက် မိုးနှောင်းပိုင်း တွင်စိုက်ပျိုးပါသည်။ များသောအားဖြင့် စပါးသီးနှံရိတ်သိမ်းခါနီးတွင် (RELAY CROP) အဖြစ် လည်းကောင်း၊ စပါးအပြီးသီးထက်အဖြစ်လည်းကောင်း စိုက်ပျိုးပါသည်။ ရာသီဥတုအေးချမ်း၍ နှင်း  များသောအရပ်ဒေသတွင် ပိုမိုဖြစ်ထွန်းပါသည်။ ကုလားပဲကို နိုဝင်ဘာတွင် စိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ စိုက်ချိန်နောက်ကျလျှင် ကုလားပဲအထွက်လျော့နည်းသည်။

ကုလားပဲ၏သက်တမ်းမှာ ရက် ၁ဝဝ နှင့် ၁၂ဝ ကြားရှိပါသည်။ စိုက်ပျိုးပြီး (၄) လအကြာ မတ်လခန့်တွင် ရိတ်သိမ်းပါသည်။ ကုလားပဲသက်တမ်းသည် ပဲမျိုးနှင့် ဒေသကိုလိုက်၍ သက်တမ်း ကွာခြားမှုရှိပါသည်။ အိန္ဒိယမျိုးများသည် ၁၁၅ နှင့် ၁၂၅ ရက်ကြား၊ အီဂျစ်မျိုးများသည် ၁၄ဝ နှင့် ၁၅ဝ ကြား၊ မြန်မာကုလားပဲသည် ရက်ပေါင်း ၁၂ဝ ခန့်စသည်ဖြင့် ကွဲပြားခြားနားပါသည်၊ ကုလားပဲရိတ်သိမ်း ရာတွင် စောစွာရိတ်သိမ်းပါက  အစေ့များရှုံ့ပိန်ပြီး အမြင်မလှ၊ ဈေးကောင်းမရနိုင်ပါ။ အရင့်အမှည့်လွန် မှရိတ်သိမ်းပါက အလေအလွင့်များပါသည်။ တစ်ပင်လုံးဝါလာလျှင် ရိတ်သိမ်းနုတ်ယူနိုင်ပြီ ဖြစ်ပါသည်။


ကုလားပဲသီးနှံကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ချက်စားခြင်၊ ကြော်စားခြင်း များပြုကြပါသည်။ အချို့အမှုန့်ပြုလုပ်၍ စားသုံးပါသည်။ အရသာမှာ ချိုစိမ့်ပြီး နှုတ်ကိုမြိန်စေလျက် ခွန်အားကိုဖြစ်စေပါသည်။

Login Register




Who is Online ?

We have 9 guests online