Skip to Menu Skip to Content Skip to Footer

Maung Bean

History of Mung bean

Mung bean (binomial name is Vigna radiata ), also known as green bean, choroko (in Swahili), mung, mongo, moong, moog (whole) / moog dal (split) (in Bengali , Marathi), mash bean, munggo or monggo, green gram, golden gram, and green soy, is the seed of Vigna radiata which is native to Bangladesh, India, and Pakistan. Moong is green with the husk, and yellow when dehusked.

 

Nutritional value per 100 g (3.5 oz)
Mature seeds (100g) contains vitamin C(8%), Calcium  (13%), Magnesium(51%), Phosphorus(52%), Potassium(27%) and Sodium(1%).


Producing Countries
Mung Beans are mainly cultivated in India, China,Thailand,Philippines, Vietnam, Indonesia, Myanmar, Australia, Iran, Eastern Africa and Bangladesh, but also in hot and dry regions of southern Europe and southern USA.


Red Moong Bean
Importing Countries and Use

Mung beans are commonly used in Chinese cuisine, where they are called lǜ dòu (绿豆, literally "green bean"), as well as in Myanmar,  Thailand, Japan, Korea, Philippines, Pakistan, India, and Southeast Asia. In Vietnam, they are called đậu xanh (again, literally "green bean"). They are generally eaten either whole (with or without skins) or as bean sprouts, or used to make the dessert "green bean soup". The starch of mung beans is also extracted from them to make jellies and "transparent/cellophane" noodles. In India the mung beans are also consumed as a snack, called "Dal moth". In Northern China, Mung Bean jelly is called Liangfen (凉粉, means chilled bean jelly), which is very popular food during summer. Jidou liangfen is another flavor of Mung bean jelly food in Yunnan, Southern China.


Production of Myanmar

In Myanmar , Mung Bean is gown during two sesons. One is winter season (starting October), and the other is the raining season (starting August).Winter crop is harvested in  February  to April and Moonsoon crop is harvested in Auguat to January. Producing States and Divisions are Kachin, Kayin, Kayar, Sagaing, pegu ( East and West), Megue , Mandalay , Mon, Shan (North), Yangon and Irriwady. Among them Yangon and Pegu (east) Division produce Pe ti shwewar,Peku region of Megue Division produce Anar Shwewar and others regions produce green mung.
Myanmar annually produces around ------.


Export of Myanmar

In Myanmar,about 90% of total production of Mung Bean is exported to India, China, Indonesia, Malaysia, UAE ..etc  by  oversea or Border trade. Export VolumeS are about 340000 tonnes in 2006-07, over 340000 tonnes in 2007-08, about 320000 tonnes in 2008-09, over 320000 tonnes in 2009-10 and about 170000 tonnes in 2010-11 (up to november).

 

ပဲတီစိမ်းရာဇဝင်

ပဲတီစိမ်းကို Mung bean , green bean, moong ဟူ၍ ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြပြီး binomial အမည်မှာ Vigna radiata ဖြစ်ပါသည်။ အဓိကပင်ရင်းထွက်ရှိသော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ဖြစ်ပါသည်။ ပဲတီစိမ်းခွဲခြမ်းအဖြစ် လူသိများပြီး  အခွံမှာ အစိမ်းရောင်နှင့် အခြမ်းခွဲပြီးနောက် အဝါရောင်ရှိပါသည်။


ထုတ်လုပ်သည့်နိုင်ငံများ

ပဲတီစိမ်းကို အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်နီးရှား၊ မြန်မာနှင့် ဘဂ်လားဒေ့ရှ်တို့တွင် စိုက်ပျိုးပြီး ပူးပြင်းခြောက်သွေ့သော ဥရောပတောင်ပိုင်းနှင့် အမေရိကန် တောင်ပိုင်း တို့တွင်လည်း စိုက်ပျိုးကြောင်း သိရပါသည်။


တင်သွင်းနိုင်ငံများနှင့် အသုံးပြုပုံ

ပဲတီစိမ်းကို အဓိကအားဖြင့် တရုတ်လူမျိုး အလားတူ မြန်မာ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် စားသုံးပါသည်။ ဗီယက်နမ်နိုင်ငံတွင် ပဲလုံးအလိုက်သော်လည်းကောင်း၊ ပဲပင်ပေါက်အဖြစ်လည်းကောင်း ပဲဆန်ပြုတ်အဖြစ်လည်းကောင်း စားသုံးပါသည်။ ထို့အပြင် ပဲခေါက်ဆွဲအဖြစ်လည်း စားသုံးကြောင်း သိရပါသည်။ အိန္ဒိယတွင် ဟင်းလျာအပြင် မုန့်ပဲသရေစာအနေဖြင့်လည်း စားသုံးကြောင်း သိရပါသည်။ တရုတ်နိုင်ငံတွင် ပဲဂျယ်လီအဖြစ် နွေရာသီတွင် အဓိကစားသုံးကြောင်း သိရပါသည်။


မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ဆောင်းပဲတီစိမ်းနှင့် မိုးပဲတီစိမ်းအဖြစ် နှစ်ရာသီ စိုက်ပျိုးပါသည်။ ဆောင်းပဲတီစိမ်းကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီမှ ဧပြီလအတွင်း ရိတ်သိမ်းပါသည်။ မိုးပဲတီစိမ်းကို သြဂုတ်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ရိတ်သိမ်းပါသည်။ စိုက်ပျိုးသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှာ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူးအရှေ့အနောက်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့ဖြစ်ပါသည်။ စိုက်ပျိုးသည့် ဒေသအလိုက် အမျိုးအစားကွဲပြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးတို့တွင် ပဲတီရွှေဝါမျိုး ၊မကွေးတိုင်းဒေသကြီးမှ အညာရွှေဝါ မျိုးထွက်ရှိပြီး အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ပဲတီစိမ်းအမျိုးအစားကို စိုက်ပျိုးထုတ်လုပ် ကြောင်းသိရပါသည်။ပဲတီစိမ်း၏ ထူးခြားမှုမှာ မြန်မာနိုင်ငံတွင် ဒေသအသီးသီးမှာ တစ်နှစ်ပတ်လုံး အလှည့်ကျထွက်ရှိနေခြင်း ဖြစ်ပါသည်။ နှစ်စဉ်မြန်မာနိုင်ငံမှ တန်ချိန် ၃သိန်းမှ ၃.၅သိန်း ဝန်းကျင်ထုတ်လုပ်ကြောင်း သိရပါသည်။


မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မှု

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပဲတီစိမ်းကို ပြည်တွင်းစားသုံးမှုအနည်းငယ်သာရှိပြီး ၉ဝ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယ၊ တရုတ်၊ အင်နီးရှား ၊ မလေးရှား၊ ယူအေးအီး စသည့် နိုင်ငံများကို ပင်လယ်ရေးကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ တင်ပို့ပါသည်။ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၃၃၅၃၈ဝ၊ ၂ဝဝ၇-ဝ၈ တွင်တန်ချိန် ၃၄၁၄၅၁၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၃၁၆၈၇ဝ၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၃၂၆၁၉ဝ နှင့် ၂ဝ၁ဝ-၁၁ တွင် တန်ချိန် ၂.၆၈ သိန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။  

 

 

 

 

 

ပဲတီစိမ်း
ပဲတီစိမ်း၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က)
သီးနှံအမည်
-    ပဲတီိစိမ်း
(ခ)
ဒေသအခေါ်အဝေါ် 
-    ပဲတီစိမ်း၊ ဂေါ်ရာပဲ၊ ပဲတီဝါ၊ ပဲတီနက်
(ဂ) အင်္ဂလိပ်အမည် 
-    GREEN GRAM, GOLDEN GRAM, MUNG BEAN
(ဃ) အိန္ဒိယအမည်
-    PESALU
(င)
မလေးရှားအခေါ် -    PAEALU, K PADI
(စ)
ဖိလစ်ပိုင်အခေါ် -    MUN GO, BALATONG, BOTONG-HIDJAO
(ဆ) ဂျပန်အခေါ် -    BUNDO, YAENARL, YAYENAN
(ဇ)
အမေရိကန်အခေါ်
-    CHICKASW, OREGON PEA
(ဈ) တရုတ်အခေါ် 
-    LOUTEOU, NGA-CHOI
(ည) 
သီရိလင်္ကာအခေါ်
-     MUNETA
(ဋ) ထိုင်းလင်းအခေါ် 
-    TOO-AKEE-O, TUAKIGW, T-KIO, T-TAWEG, T-TONG
(ဌ) ရုက္ခဗေဒအမည် 
-    PHASEOLUS AUREUS, RADIATUS LINN, VIGNA RADLATA- L
(L) HEPPER, PHASEOLUS MUNGO


ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ပဲတီစိမ်း၏ပုံသဏ္ဍာန်မှာ မတ်ပဲ၊ ပဲနောက် စသည့်ပဲများနှင့် အရွယ်အစားတူသရောင်ရှိပြီး ဆလင်ဒါပုံစံ၊ ဗုံတိုငယ်လေးနှင့် တူပါသည်။ အစေ့လုံးငယ်လေးများသာဖြစ်ပါသည်။ အလျားမှာ ၅ မီလီမီတာခန့်ရှိပြီး အနံမှာ ၃ မီလီမီတာခန့်ရှိပါသည်။ ပဲတီစိမ်းသည် အရွယ်အစားအားဖြင့် လုံးကြီး၊ လုံးလတ်၊ လုံးသေး စသည်ဖြင့် ရှိပါသည်။ ပဲတီစိမ်းသည် အစိမ်းနုရောင်ရှိပြီး အချို့မှာ စိမ်းဝါ၊ အစိမ်းမှိုင်းအရောင်များရှိပါသည်။ ပဲလုံးတိုင်းတွင် မျက်စေ့(သို့မဟုတ်) အပင်ပေါက် အညှောင့်ထွက်ရာ နေရာတွင် အဖြူစင်းငယ်တစ်ခုဖြစ်နေပါသည်။


အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲတီစိမ်းအသီး၏ပုံသဏ္ဍာန်မှာ ပဲသီးအငယ်စားအရှည်ဖြစ်၍၂ လက္မမှ ၄ လက္မအထိ (၅ မှ ၁ဝ စင်တီမီတာ) ရှိပြီးအကျယ်မှာ ဝ.၁၅ မှ ဝ.၂၄လက္မ (၄ မှ ၆ မီလီမီတာ) ရှိပါသည်။ ပဲသီးတစ်တောင့် လျှင် ပဲစေ့ငယ်လေးများ ၁ဝ စေ့မှ ၂ဝ စေ့အထိပါဝင်တတ်ပါသည်။ အသီးမရင့်မှည့်မီ  အစိမ်းရောင် အမျိုးမျိုးသမ်း၍ ရင့်မှည့်လာသောအခါ၌ မွဲပြာရောင်၊ မီးခိုးရောင်၊ အညိုရောင်များအဖြစ် ပြောင်းလဲသွား ပါသည်။ အသီးတွင် အမွှေးမျှင်လေးများရှိပြီးအသီးခိုင်တစ်ခိုင်လျှင် ပဲသီး လေး၊ ငါးသီးခန့်သီးပါသည်။


ပဲတီစိမ်းတွင်ပါဝင်သော အဟာရဓါတ်များ

ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၏ ပဲတီစိမ်းစိုက်ပျိုးနည်းတွင် ဓါတုပစ္စည်းပါဝင်မှုကို အောက်ပါ အတိုင်းလေ့လာဖေါ်ပြထားသည်ကို တွေ့ရပါသည်။

အစိုဓါတ် (Moisture %) 
15.22 %
အဆီဓါတ် (Fat %) 1.39 %
အမျှင်ဓါတ်    (Fibre %)
4.38 %
ပရိုတင်းဓါတ် (Protein %)
19.79 %
ပြာဓါတ် (Ash %) 
3.83 %
ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %)
55.39 %
100.00 %


ပဲတီစိမ်း၏မူရင်းဒေသ (ORIGIN)

ပဲတီစိမ်း၏ မူရင်းဒေသမှာ အာရှတိုက် အရှေ့တောင်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အချို့သော ပညာရှင်များက  အိန္ဒိယမှ မျိုးအစဖြစ်ကြောင်း ဖော်ညွှန်းကြပါသည်။ အိန္ဒိယနှင့် မြန်မာမျိုးများ ဟုလည်း ဆိုကြပါသည်။


စိုက်ပျိုးဒေသပျံနှံ့ခြင်း (DISTRIBUTION)

ပဲတီစိမ်းကို အာရှတိုက်တောင်ပိုင်းတွင် စိုက်ပျိုးထုတ်လုပ်ကြပြီး အထူးသဖြင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်ကြပါသည်။ ပဲတီစိမ်းသည် တရုတ်ပြည် တောင်ပိုင်းသို့ စောစီးစွာပျံ့နှံခဲ့ပါသည်။ နောက်ပိုင်းတွင် အာဖရိကအရှေ့ပိုင်းနှင့် အလယ်ပိုင်း၊အနောက် အိန္ဒိယကျွန်းစု၊ အမေရိကန်ပြည်ထောင်စု၊ ပါးရှား၊ ဂျပန်နှင့် သြစတေးလီးယားနိုင်ငံများသို့ အဆင့်ဆင့် ပျံ့နှံ့ခဲ့ပါသည်။


စိုက်ပျိုးထုတ်လုပ်သည့်ဒေသများ

ပဲတီစိမ်းကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့တွင် အများအပြား စိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကို ကမ္ဘာပေါ်တွင် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဇိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် အဓိကစိုက်ပျိုးထုတ်လုပ်ကြပါသည်။ အိန္ဒိယနိုင်ငံသည် စိုက်ပျိုး ထုတ်လုပ်ရာတွင် အများဆုံးဖြစ်ပါသည်။


ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ပဲတီစိမ်းသည် မိုးရေချိန် ၃ဝ နှင့် ၃၅ လက်မကြား၊ အပူချိန်  ၃ဝ ဒီဂရီနှင့် ၄ဝ ဒီဂရီစင်တီ ဂရိတ် အကြားရှိ ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ပဲတီစိမ်းသည် ဆောင်းသီးနှံဖြစ်၍ မြေတွင် ရှိနှင့်ပြီး အစိုဓါတ်ဖြင့်ပင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ နှင်းကျသဖြင့် ရရှိသော အစိုဓါတ်ဖြင့်ပင် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ မိုးများစွာရွာသွန်းပါက ပဲတီစိမ်းစိုက်ပျိုးမှုကို ထိခိုက်စေပါသည်။
ပုံမှန် စိုက်ပျိုးသည့်ကာလမှာ မိုးကြိုကာလ မေ၊ ဇွန်နှင့် မိုးအပြီး စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။ ဆောင်းစိုက်သီးနှံအတွက်မှု နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် အစိုဓါတ်နှင့် ဆည်ရေ ရရှိရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံ ပဲတီစိမ်းများကို စပါး မရိတ်သိမ်းမီ စိုက်ပျိုးကြပါသည်။
အထက်မြန်မာပြည်တွင် ပဲတီစိမ်းကို နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြသည်။ အောက်မြန်မာပြည်တွင်မူ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းကြပါသည်။


စားသုံးနည်းများ

ပဲတီစိမ်းကို တောင်သူလယ်သမားများအနေဖြင့် အိမ်ထောင်စုစားသုံးရန်အတွက် အသင့်အတင့် ချန်လှပ်ထားတတ်ကြကြောင်း သိရှိရပါသည်။  ပဲတီစိမ်းသည် မြန်မာပြည်တွင် အသုံးများသော ပဲဖြစ်ခြင်း၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ အခြမ်းခွဲ၍ ပဲဟင်းစသည်တို့ဖြင့် စားသုံးကြပါသည်။ ဆန်ရှားပါးသည့် အထက်ပိုင်းဒေသအချို့တွင် ပဲခြမ်းခွဲ၍ ဆန်ဖြင့်အတူရောပြီး ပဲထမင်းချက်စားသုံးကြပါသည်။ ပဲတီစိမ်းကို အပင်ဖေါက်၍ အာရှတိုက်အရှေ့တောင်ပိုင်းဒေသများတွင် အများဆုံးစားသုံးကြပါသည်။

Login Register





Login
Register

Products

black_eyed_pea
black_eyed_pea_1
black_eyed_pea_2
black_matpe
bocate
butter_beans
butter_beans_1
butter_beans_2
chick_peas
chick_peas_1
dry_urad
lentil
lentil_1
lentil_2
lima_bean
maung
maung_1
maung_3
maung_4
maung_5
pegyi
peyin
peyin_1
pigeon
pigeon_1
pigeon_3
red_kidney
red_kidney_1
sesame_seeds
sesame_seeds_1
sesame_seeds_black
soya
sultani
sultanipya
urad_1
white_lentils
beans

Who is Online ?

We have 24 guests online