Skip to Menu Skip to Content Skip to Footer

Pephyukalay

ပဲဖြူကလေး

ပဲဖြူကလေး၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည်
-    ပဲဖြူကလေး
(ခ)
ဒေသအခေါ်အဝေါ် -    ပဲဖြူကလေး၊ ပဲဖြူကလေးအပြား၊ ပဲဖြူကလေးအလုံး
(ဂ)
အင်္ဂလိပ်အမည် -    RNAGOON WHITEBEAN, DUFFIN BEAN
(ဃ)
ရုက္ခဗေဒအမည်
-    PHASEOLUS LUNATUS LINN

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ပဲဖြူကလေးမှာ ပဲပြားနှင့် မျိုးတူပြီး အခွံများဖြူသည်။ ထောပတ်ပဲထက် အလျားအနံသေးသည်။ အလုံးထုမှာမူ ထောပတ်ပဲထက်ကြီးပြီး အများအားဖြင့် ဘဲဥပုံလုံးဝန်းသော သဏ္ဍာန်ရှိသည်။ အလျားအနံထုမှာ ၁ဝ x ၈ x ၆ မီလီမီတာခန့်ရှိသည်။ ထောပတ်ပဲ၏ အလျားအနံထုမှာ ၁၅ x ၁၂ x ၄ မီလီမီတာခန့်ရှိသည်။ ပဲ၏အရောင်အဆင်းမှာ အဖြူရောင်ဖြစ်၍ နို့နှစ်ရောင် ဘက်သို့သန်းပါသည်။ ပဲအရွယ်အစားတွင် လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍ရှိရာ လုံးလတ်အုပ်စုတွင် ပါဝင်ပါသည်။

 

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲဖြူကလေး၏ပုံသဏ္ဍာန်မှာ ထောပတ်ပဲ၊ ပဲကျား စသည်တို့နှင့် ဆင်တူပြီးယင်းပဲများထက် အနည်းငယ်သေးပါသည်။ ပဲသီး၏အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်လာသည့်အခါ အဝါခြောက်ရောင် အဖြစ်သို့ပြောင်းလဲလာသည်။ ပဲဖြူလေးတစ်တောင့်လျှင် အစေ့နှစ်စေ့မှ သုံးစေ့ပါသည်။


ပဲဖြူကလေးတွင်ပါဝင်သော အဟာရဓါတ်များ

ပဲဖြူကလေးတွင်ပါသော အာဟာရဓါတ်များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနထုတ် မြန်မာ့ အစားအစာများ၏ အာဟာရတန်ဖိုးစာအုပ်တွင် အောက်ပါ အတိုင်း ဖေါ်ပြထားကြောင်း တွေ့ရှိရ ပါသည်။

စဉ် အာဟာရဓါတ်
ရေတွက်ပုံ
ပါဝင်မှု
၁။
ကယ်လိုရီ ဂရမ် ၁၇၁
၂။ ရေငွေ့ ဂရမ် ၁၁.၇၈   
၃။ အသားဓါတ်
ဂရမ် ၁၉.၁၆ 
၎။
အဆီဓါတ်
ဂရမ် ၁.၁၁၁ 
၅။
သကြားဓါတ် (ခ) ကစီဓါတ် ဂရမ် ၆၆.၂၁
၆။
သတ္တုဓါတ် ဂရမ် ၂.ဝ၇၅၄
၇။
ထုံးဓါတ်
မီလီဂရမ် ၁၂၁.၂ 
၈။    
ယမ်းစုံးဓါတ်
မီလီဂရမ် ၂၆၅.၇ 
၉။ သံဓါတ် မီလီဂရမ် ၆.၈၉၉
၁ဝ။ ဗီတာမင်ဘီ(၁) 
မီလီဂရမ် ဝ.၂၅၄   

ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ပဲဖြူလေးများကို အခြားဆောင်းသီးနှံများနည်းတူ မြေအစိုဓါတ်ဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ မိုးအထူးမလိုအပ်ဘဲ ဆောင်းနှင်းဖြင့်ပင် အောင်မြင်လေ့ရှိပါသည်။

ပဲဖြူကလေးကို စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြပါသည်။ မြစ်ကမ်းနဘေး မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးရာ၌ မြစ်ရေ၊ ချောင်းရေ ကျဆင်းချိန်စောမှု၊ နောက်ကျမှု အပေါ် တွင် မူတည်၍ စိုက်ပျိုးမှုစောခြင်း၊ နောက်ကျခြင်းများဖြစ်နိုင်ပါသည်။

ပဲဖြူလေးများကို အချို့သော ဆောင်းသီးနှံများနည်းတူ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ပဲပင်များ ရင့်မှည့်အောင်မြင်လာသည့်အခါ ရိတ်သိမ်း၍ တလင်းသို့ သယ်ဆောင်ပြီး နွားဖြင့် နယ်ခြင်း၊ တုတ်ဖြင့်ရိုက်ထုခြင်းများ ပြုလုပ်ကြပါသည်။ တံစဉ်ဖြင့်ရိတ်ပြီး စိုက်ခင်းတွင်အပုံလေးများအဖြစ် ပုံထား၍ အခြောက်ပြုကာ တလင်းသို့ရွှေ့ပြောင်း သယ်ယူ ပါသည်။ ခြွေပြီးသော အစေ့များကိုလေလှေ့ ယပ်ခပ်သန့်စင်ပါသည်။


စားသုံးနည်းများ

ပဲဖြူလေးစိုက်ပျိုး ထုတ်လုပ်မှု နည်းပါးလာသဖြင့် စားသုံးမှုမှာလည်း နည်းပါးလာပါသည်။ ပဲဖြူလေးကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ကြော်စားခြင်းများပြုလုပ်ကြပြီး အချို့ပဲမှုန့်ပြုလုပ်ကြပါသည်။ အရသာမှာ ဆိမ့်၍အနည်းငယ်ခါးသက်သော အရသာရှိပါသည်။

Login Register





Login
Register

Products

black_eyed_pea
black_eyed_pea_1
black_eyed_pea_2
black_matpe
bocate
butter_beans
butter_beans_1
butter_beans_2
chick_peas
chick_peas_1
dry_urad
lentil
lentil_1
lentil_2
lima_bean
maung
maung_1
maung_3
maung_4
maung_5
pegyi
peyin
peyin_1
pigeon
pigeon_1
pigeon_3
red_kidney
red_kidney_1
sesame_seeds
sesame_seeds_1
sesame_seeds_black
soya
sultani
sultanipya
urad_1
white_lentils
beans

Who is Online ?

We have 11 guests online