Skip to Menu Skip to Content Skip to Footer

Peyin

Peyin

Peyin is cultivated throughout the plains and in some hilly regions. The seeds vary considerably in size and colour, depending in local conditions and the age of the seed. Fresh seed is generally pale or greenish yellow but frequently turns brown on keeping. Sometimes consumed with plain or glutinous rice.


ပဲယင်း

ပဲယင်းကိုမြေပြန့်နှင့် တောင်ကုန်းများသောဒေသတို့တွင်စိုက်ပျိုးလေ့ရှိပြီး အစေ့သက်တမ်းနှင့် ဒေသခံ ပေါ်တွင်မှုတည်၍ အရွယ်အစားနှင့်အရောင်အမျိုးမျိုးရှိသည်။ ပဲယင်းအစို၏အရောင်သည် များသောအားဖြင့် ပုလဲ(သို့)အစိမ်းရောင်လွှမ်းသော အဝါရောင်ရှိသော်လည်း သိုလှောင်ထိမ်းသိမ်းထားစဉ်တွင် များသောအားဖြင့် အညိုရောင်သို့ပြောင်းသွားလေ့ရှိသည်။ ပဲယင်းကို ပဲအတိုင်းသော်လည်းကောင်း ကောက်ညှင်းဆန်နှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်။


မြန်မာနိုင်ငံထုတ်လုပ်၊ တင်ပို့မှု

မြန်မာနိုင်ငံတွင် ပဲယင်းကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ ပဲယင်းကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ တို့တွင် စိုက်ပျိုးမှု များကြောင်း သိရှိရပါသည်။


မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မှု

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၁၃၈၁၆၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၁၈၂၃၆၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၁၈၁၂၁၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁၃၃၃ဝ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၇၈၄ဝ တင်ပို့ခဲ့ကြောင်း  သိရပါသည်။


ပဲယဉ်း

ပဲယဉ်း၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က)
သီးနှံအမည်
-    ပဲယဉ်း
(ခ)
ဒေသအခေါ်အဝေါ်
-    ပဲယဉ်း
(ဂ)   
အင်္ဂလိပ်အမည် -     RICE BEAN / INDIAN RICE BEAN
(ဃ) အိန္ဒိယအမည် 
-    မို့ဘ်ဘိန်း (MOTH BEAN)   
(င) ရုက္ခဗေဒအမည်
-    PHASEOLUS CALCARATUS ROXB
-    PHASEOLUS ACCONITIFOLIUS
-    VIGNA ACCONITIFOLIUS
-    VIGNA UMBELLATA THUMB

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ပဲယဉ်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲနောက်ကဲ့သို့ လုံးသွယ်ဖြစ်ပြီး ယင်းပဲများနှင့် အရွယ်အစားမှာ များစွာ ကွာခြားမှုမရှိပါ။ သို့ရာတွင် ပဲယဉ်းသည် အလုံးသေးပြီးဖြောင့်တန်းသော အလျားရှည်သည့် ပဲလုံးမျိုးဖြစ်ပါသည်။ ဘိုကိတ်ပဲနှင့်ပဲလွန်းတို့လောက် အရွယ်မကြီးပါ။ ပဲစေ့၏အရွယ်မှာ အရွယ်ကြီး သည့်ပဲများ၌ အလျား (၆) မီလီမီတာနှင့် (၃.၅) မီလီမီတာခန့်ရှိပါသည်။ ပဲအခွံမာ၍ အရောင် တောက်ပြောင်ပါသည်။ အရောင်မှာ ကာကီဖျော့ရောင်၊ အညိုဖျော့ရောင်၊ မြင်းချေးစိမ်းဝါရောင်၊ ဝါညို ရောင်သဘောမျိုးတွေ့ရပါသည်။ ပဲစေ့၏ဝမ်းဗိုက်တွင် အညှောင့်ဗီဇနေရာ အဖြူစင်းကြောင်းရှည် တစ်ခု ရှိပါသည်။ မတ်ပဲ၊ ပဲတီစိမ်းတို့ထက် အလုံးပိုသွယ်ပါသည်။ အစေ့ (၁ဝဝ) လျှင် ၁၈ ဂရမ်ခန့်လေး ပါသည်။

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲယဉ်းအသီး၏ပုံသဏ္ဍာန်မှာ ဒန့်ကျွဲသီးနှင့်ဆင်တူပြီး အကာထူပါသည်။ အသီး၏အရွယ်မှာ ၁၅ x ၂၅ x ၁.၅ စင်တီမီတာ၊ ဆလင်ဒါပုံ လုံးလုံးရှည်ရှည်ဖြစ်ပါသည်။ အသီးများနုစဉ်၌ အစိမ်းရောင် ဖြစ်၍ ရင့်မှည့်လာသည့်အချိန်တွင် ဝါညိုရောင်သို့ ပြောင်းလဲသွားပါသည်။ အသီး၏ထိပ်တွင် နှုတ်သီး သဏ္ဍာန်ရှိပြီး အသီးတစ်သီးလျှင် ပဲစေ့ (၄) စေ့မှ (၉) စေ့အထိပါဝင်ပါသည်။


ပဲယဉ်းတွင်ပါဝင်သော အဟာရဓါတ်များ

ပဲယဉ်းတွင် ပါဝင်သော အာဟာရဓါတ် ရာခိုင်နှုန်းတို့မှာ ဓာတ်ခွဲစမ်းသပ်ချက်အရ  အောက်ပါ အတိုင်း ဖြစ်ကြောင်းသိရပါသည်။

(၁) အစိုဓါတ် (Moisture %) 16.11 %
(၂) အဆီဓါတ် (Fat %) 
0.82 %
(၃) အမျှင်ဓါတ်    (Fibre %) 3.55 %
(၄) 
ပရိုတင်းဓါတ် (Protein %)
17.85 %
(၅) 
ပြာဓါတ် (Ash %) 3.99 %
(၆) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 57.68  %
(၇)
ဆီဓါတ် (Oil %)         
0.82  %

ပဲယဉ်း၏မူရင်းဒေသ (ORIGIN)

ပဲယဉ်း၏မူရင်းဒေသမှာ အိန္ဒိယ၊ မြန်မာပြည်နှင့် ပါကစ္စတန်တို့ဖြစ်ကြောင်း သိရပါသည်။ ယင်း တိုင်းပြည်များတွင် ပဲယဉ်းကို အများအပြားစိုက်ပျိုးကြပါသည်။


စိုက်ပျိုးဒေသပျံ့နှံ့ခြင်း (DISTRIBUTION)

ပဲယဉ်းသည် မူရင်းစိုက်ပျိုးသည့်ဒေသများမှ သီရိလင်္ကာ၊ တတရုတ်နိုင်ငံများသို့ ပျံ့နှံ့ခဲ့ ပါသည်။ ၁၉၈၂ ခုနှစ်တွင် အမေရိကန်ပြည် ကာလီဖိုးနီးယား၊ တက္ကဆပ်ပြည်နယ်များသို့ မျိုးရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။


စိုက်ပျိုးထုတ်လုပ်သည့်ဒေသများ

ပဲယဉ်းကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အများအပြားစိုက်ပျိုးကြပါသည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အသင့်အတင့်စိုက်ပျိုးကြသည်။


ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ပဲယဉ်းသည်ဆောင်းသီးနှံဖြစ်၍ မိုးအထူးမလိုအပ်ဘဲ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ မြစ်ချောင်း ကမ်းပါးမြေနိမ့်ပိုင်းများတွင် မြေအစိုဓါတ်ကို အားပြု၍စိုက်သော သီးနှံဖြစ်ပါသည်။ မိုးများခြင်းကို မကြိုက် နှစ်သက်ပါ။ ပန်းပွင့်ချိန် မိုးများစွာ ရွာသွန်းလျှင် ပဲအထွက်ဆုတ်တတ်ပါသည်။

ပဲယဉ်းကို မြစ်ချောင်းရေများကျဆင်းသွားချိန် နှန်းတင်မြေနုများနှင့် မြေနိမ့်ပိုင်းများတွင်စိုက်ပျိုး နိုင်သဖြင့် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။

ပဲယဉ်းကိုစိုက်ပျိုးပြီး (၃) လကျော် (၄) လခန့်အကြာတွင် (ရက်ပေါင်း ၉ဝ မှ ၁၂ဝ အတွင်း) ဆွတ်ခူးရိတ်သိမ်းကြသဖြင့် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလအစောပိုင်းတွင် ရိတ်သိမ်းကြ ပါသည်။ နောက်မိုးရွာမှု ဆက်သောနှစ်များတွင် ပဲယဉ်းရိတ်သိမ်းချိန်နောက်ကျတတ်ပါသည်။ နောက်မိုးစောစော ပြတ်သောနှစ်များတွင်မူ ရိတ်သိမ်းချိန်စောတတ်ပါသည်။


စားသုံးနည်းများ

ပဲယဉ်းကို  ဆန်ရှားပါသည့်ဒေသများတွင် ဆန်ဖြင့်ရော၍ ချက်ပြုတ်စားသုံးလေ့ရှိပါသည်။ အချို့ ဒေသများတွင်မူ ပဲယဉ်းကိုပြုတ်၍ နေခြောက်အောင်လှမ်းထားပြီးမှ ဆန်နှင့်ရောပြီးထမင်းချက် စားသုံးကြောင်း သိရပါသည်။ ပဲယဉ်းကိုထမင်းတွင်ရောနှောစားသုံးမှုဓလေ့အချို့ရှိသဖြင့် တောင်သူ အိမ်ထောင်များအနေဖြင့် ပဲယဉ်းကို တစ်နှစ်စာ (၅) တင်းမှ (၁ဝ) တင်းအထိ ချန်လှပ် သိမ်းဆည်း တတ်ကြောင်းသိရပါသည်။ ဆန်ရရှိမှု ၊ ဆန် ၊ စပါး ပေါများမှုအပေါ် မူတည်၍ ပဲယဉ်းချန်လှပ်မှု ပြုပါသည်။




Login Register





Login
Register

Products

black_eyed_pea
black_eyed_pea_1
black_eyed_pea_2
black_matpe
bocate
butter_beans
butter_beans_1
butter_beans_2
chick_peas
chick_peas_1
dry_urad
lentil
lentil_1
lentil_2
lima_bean
maung
maung_1
maung_3
maung_4
maung_5
pegyi
peyin
peyin_1
pigeon
pigeon_1
pigeon_3
red_kidney
red_kidney_1
sesame_seeds
sesame_seeds_1
sesame_seeds_black
soya
sultani
sultanipya
urad_1
white_lentils
beans

Who is Online ?

We have 8 guests online