Skip to Menu Skip to Content Skip to Footer

Pigeon Pea

History of Pigeon Pea

The pigeon pea(binomial name is Cajanus cajan), also known as tur, toor dāl or arhar dāl (India), Congo pea or gungo pea (in Jamaica), gandul (in Puerto Rico), gunga pea, or no-eye pea, (Cajanus cajan, synonyms Cajanus indicus Sprang.

The cultivation of the pigeon pea goes back at least 3000 years. The centre of origin is most likely Asia, from where it traveled to East Africa and by means of the slave trade to the American continent. From India, it was taken to the eastern African region approximately a thousand years ago.


Producing Countries

Pigeon peas are very drought resistant and can be grown in areas with less than 650 mm annual rainfall. Today pigeon peas are widely cultivated in more than 25 countries of the world.  Asia is the largest producer of these pulses. Africa and Central America as the climate conditions suit the development of the crop. The leading producer is India, producing about 85% of the world’s total produce.


Importing Countries ,  Nutritional value and Use

The pigeon pea importing list is topped by the India and the European Union.

Pigeon peas are both a food crop (dried peas, flour, or green vegetable peas) and a forage/cover crop. They contain high levels of protein and the important amino acids methionine, lysine, and tryptophan.[1] In combination with cereals, pigeon peas make a well-balanced human food.

The dried peas may be sprouted briefly, then cooked, for a flavor different from the green or dried peas. In India, split pigeon peas (toor dal) are one of the most popular pulses, being an important source of protein in a mostly vegetarian diet. In Ethiopia, not only the pods but the young shoots and leaves are cooked and eaten.[3]It is mostly used as a soup, in curries and cakes.

Some traditional Indian and Asian medicine practices believe pigeon peas to have medicinal value. They are use to treat stomach problems, or even cancer. Traditional medicine practitioners believe they can quell swelling of the internal organs.


Exporting Countries

Though India is the largest producer of the crop but it is not into the export of tur at all, as the domestic consumption demand in the country is quite high and Myanmar to India leads the tur exporting countries’ list. The major exporting countries are Myanmar, Republic of Tanzania, Kenya,Malawi,Uganda,Mozambique.


Production of Myanmar

In Myanmar , Pigeon Pea is gown only one crop because It has relatively long crop duration of 5-7 months. It is grown between May to June and is harvested between January  to March. Producing States and Divisions are Kachin, Kayin, Kayah, Sagaing, Bago ( East and West), Magway, Mandalay , Mon, Shan ( South and North) and Ayeyarwaddy. Among than Magway  Division produce Pe Sin Ngoi Ni which is mostly like by foreign buyer .Myanmar annually produces around 300,000 to 350,000 tonnes.


Export of Myanmar

In Myanmar, about 90% of total production of Pigeon Pea is exported to India, Singapore, Indonesia, Malaysia, and  UAE by  oversea or Border trade. Export Volumes are about 27000 tons in 2006-07, about 27000 tons in 2007-08 , about 500000 tons in 2008-09, about 200000 tons in 2009-10 and  about 70000 tons in 2010-11 (up to November).


ပဲစဉ်းငုံရာဇဝင်

ပဲစဉ်းငုံကို နိုင်ငံဒေသအလိုက် pigeon pea , tur, toor dāl နှင့် arhar dāl ဟူ၍အမျိုးမျိုးခေါ်ဝေါ်ကြပြီး binomial အမည်မှာ Cajanus cajan ဟုခေါ်ပါသည်။ ပဲစဉ်းငုံကို လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝဝ ခန့်မှ စတင်၍ အာရှနိုင်ငံများတွင် စိုက်ပျိုးခဲ့ကြပြီး နောက်ပိုင်းတွင် အရှေ့အာဖရိကနှင့် အမေရိကတိုက်ကို သို့ ပျံ့နှံ့စိုက်ပျိုးလာကြောင်း သိရပါသည်။ အိန္ဒိယမှ အရှေ့အာဖရိကသို့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ရောက်ရှိလာကြောင်း သိရပါသည်။


ထုတ်လုပ်သည့်နိုင်ငံများ

ပဲစဉ်းငုံသည် အပူဒဏ် ခံနိုင်ရည်ရှိသည့် သီးနှံဖြစ်သဖြင့် အပူပိုင်းဒေသများတွင် ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြောင်း သိရပါသည်။ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်တွင် စိုက်ပျိုးပြီး အာရှတွင် အများဆုံးစိုက်ပျိုးပါသည်။ အာဖရိကနှင့် အမေရိကားအလယ်ပိုင်းသည် ပဲစင်းငုံစိုက်ပျိုးရန် သင့်တော်သည့် ရာသီရှိသဖြင့် ယခုနောက်ပိုင်းတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရပါသည်။ အိန္ဒိယ နိုင်ငံ၏ ပဲစင်းငုံစိုက်ပျိုးမှုသည် ကမ္ဘာ့စိုက်ပျိုးမှု၏ ၈၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရပါသည်။


တင်သွင်းနိုင်ငံများနှင့် အသုံးပြုပုံ

ပဲစဉ်းငုံ ထိပ်တန်းတင်သွင်းသော နိုင်ငံများမှာ အိန္ဒိယနှင့် ဥရောပတိြု့ဖစ်ပါသည်။ ပဲစဉ်းငုံကို အစိမ်းတောင့်ကိုလည်းကောင်း အစေ့ကိုလည်းကောင်း နှစ်မျိုး စားသုံးပါသည်။ ပရိုတိန်းများစွာပါဝင်ပြီး အမိုင်နိုအက်စက်၊ လိုင်စင်း နှင့် tryptophan တို့ အရေးပါသော သီးနှံဖြစ်ပါသည်။ လူစားသုံးရန် ကျန်းမာရေးအတွက် အထူးသင့်လျော်သဖြင့် အိန္ဒိယတွင် သတ်သတ်လွတ် စားသုံးသူများအတွက် ထင်ရှားဆုံး ပဲတစ်မျိုးဖြစ်ပါသည်။

အဓိကအားဖြင့် ပဲစဉ်းငုံစွပ်ပြုတ်၊ ဟင်းလျာနှင့် ကိတ်မုန့်များအဖြစ် စားသုံးပါသည်။ အီသီယိုပီးယားတွင် ပဲစဉ်းငုံတောင့်ကိုသာမက အရွက်နုများကိုလည်း ချက်ပြုတ်စားသုံးကြောင်း သိရပါသည်။    အိန္ဒိယနှင့် အာရှနိုင်ငံများ၏ တိုင်းရင်းဆေးအဖြစ် သတ်မှတ် စားသုံးကြရာ အစာအိမ်နှင့် ပတ်သက်သည့် ရောဂါမှစ၍ ကင်ဆာရောဂါအထိ ကုသရာတွင် အသုံးပြုကြောင်း သိရပါသည်။


တင်ပို့သည့်နိုင်ငံများ

အိန္ဒိယနိုင်ငံသည် ပဲစဉ်းငုံအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက် မြင့်မားသဖြင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ပဲစဉ်းငုံအများဆုံး တင်ပို့နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် အိန္ဒိယ၏ အဓိကတင်သွင်းပါသည်။ ပဲစင်းငုံ အဓိကတင်ပို့နိုင်ငံများမှာ မြန်မာ၊ တန်ဇန်းနီးယား၊ ကင်ညာ၊မာလာဝီ၊ ယူဂန်ဒါ နှင့် မိုဇမ်းဘစ် တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု

မြန်မာနိုင်ငံတွင် စိုက်သက်တမ်း ၅ လ-၇ လ ခန့် ကြာမြင့်သည့် ပဲစဉ်းငုံကို တစ်ရာသီထဲသာ စိုက်ပျိုးပါသည်။ မေလ နှင့် ဇွန်လအတွင်း စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် မတ်လအတွင်း ရိတ်သိမ်းပါသည်။ ပဲစဉ်းငုံစိုက်ပျိုးသည့်  တိုင်း္လေသကြီးများနှင့် ပြည်နယ်များမှာ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူး အရှေ့အနောက်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်း္လေသကြီး တို့ဖြစ်ပါသည်။ မကွေးတိုင်းအတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစဉ်းငုံနီသည် ဝယ်လက်ပိုမိုကြိုက်နှစ်သက်ကြောင်း သိရပါသည်။ နှစ်စဉ်မြန်မာနိုင်ငံမှ တန်ချိန် ၃သိန်းမှ ၃.၅ သိန်းဝန်းကျင် ထုတ်လုပ်ကြောင်း သိရပါသည်။


မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မှု

မြန်မာနိုင်ငံတွင် ပဲစဉ်းငုံစားသုံးမှုနည်းပြီး ထုတ်လုပ်မှု၏ ၉ဝ ရာခိုင်နှုန်းခန့် ပြည်ပသို့ တင်ပို့လျက်ရှိပါသည်။ တင်ပို့မှုပမာဏအများဆုံးမှာ အိန္ဒိယသို့ ဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ မလေးရှား နှင့် ယူအေအီးတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ပါသည်။ ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆ဝ၇ တွင် တန်ချိန် ၂၆၆၇ဝ၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၂၆၉၉ဝ၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၄၇၁၈ဝဝ ၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁၉၂၉ဝဝ နှင့် ၂ဝ၁ဝ-၁၁ တွင်တန်ချိန် ၁.၄၆ သိန်း ရှိကြောင်း သိရပါသည်။

 

မူရင်းဇစ်မြစ်းး မောင်ဒဗ္ဗ (ကုန်သွယ်လယ်ယာမှ အထွေထွေမန်နေဂျာဦးသန်းထွန်း)၏ ပဲမျိုးစုံအကြောင်း
သိကောင်းစရာ အဖြာဖြာ စာအုပ်ကြီးမှ စာမျက်နှာ ၅ဝ မှ ၅၇ အထိ

 

 

 


ပဲစဉ်းငုံ

ပဲစဉ်းငုံ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က)
သီးနှံအမည်
-    ပဲစဉ်းငုံ
(ခ)
ဒေသအခေါ်အဝေါ်
-    ပဲစဉ်းငုံ၊ ပဲစဉ်းခုံ၊ ပဲရင်ချောင်
(ဂ)
အင်္ဂလိပ်အမည်
-    TOOR WHOLE, PIGEON PEA, CONGO PEA, NOEYE PEA
(ဃ)
အိန္ဒိယအမည် -    ARHAR
(င) ရုက္ခဗေဒအမည်   
-    CAJANUS INDICUS SPRENG, CANJANUS CAJAN LINN

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ပဲစဉ်းငုံပုံသဏ္ဍာန်မှာ အလုံးအဝိုင်းဖြစ်ပါသည်။ အရွယ်အစားအားဖြင့် လုံးကြီး၊ လုံးလတ်၊ လုံးသေး ဟူ၍ရှိပြီး မတ်ပဲထက်အလုံးကြီးပါသည်။ အရွယ်အစားအားဖြင့် ၅ မီလီမီတာမှ ၆ မီလီမီတာ ခန့်ထိရှိပါသည်။ ပဲစဉ်းငုံအလုံး၏အဆင်းမှာ အဖြူ၊ အနီရောင်များနှင့် အကျားရောင်များလည်းရှိပါသည်။ အဖြူမျိုးမှာ သိပ္ပံနှင့်ငါးဆံမျိုး၊ အဝါရောင်နှင့် အနီရောင်မျိုးမှာ ရွှေဒင်္ဂါးမျိုးဟူ၍ရှိပါသည်။ ပဲစဉ်းငုံတွင် အပေါ်ယံအခွံ၌ အရောင်အမျိုးမျိုးရှိလင့်ကစား ယင်းပဲစဉ်းငုံများကို ခွဲခြမ်းလိုက်လျှင် အတွင်းခွံမှာ ဝါကျင့်ကျင့်အရောင်ရှိနေပြီး ပဲဆံအရောင်မှာ အဖြူရောင် တစ်ညီတည်း ရှိကြောင်း တွေ့ရှိရပါသည်။


အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲစဉ်းငုံအသီး၏ ပုံသဏ္ဍာန်မှာ အတောင့်ရှည်၍ ခပ်ပြားပြားရှိပြီး ပဲသီးတစ်တောင့်လျှင် ပဲစေ့ (၄) စေ့ခန့်ရှိတတ်ပါသည်။ ပဲသီးအရွယ်မှာ အလျား ၁.၅ လက်မမှ ၂ လက်မခန့်နှင့် အနံ ၁ လက်မမှ ၁.၃ဝ လက်မခန့်သာရှိပါသည်။ ပဲသီးတောင့်၏အရောင်အဆင်းမှာ အသီးနုချိန်တွင်အစီမ်းရောင်ဖြစ်ပြီး ရင့်မှည့်ချိန်တွင် အညိုဖျော့ရောင်သို့ ပြောင်းလဲသွားတတ်ပါသည်။ ပဲစဉ်းငုံတစ်ပင်လျှင် သီးတောင့် (၂၅ဝ) မှ (၃ဝဝ) ခန့်ထိ ရှိပါသည်။


ပဲစဉ်းငုံတွင်ပါဝင်သော အဟာရဓါတ်များ

ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၏ ပဲစဉ်းငုံစိုက်ပျိုးနည်းတွင် ဓါတုပစ္စည်းပါဝင်မှုကို အောက်ပါ အတိုင်းလေ့လာဖေါ်ပြထားသည်ကို တွေ့ရပါသည်။

(၁)
ရေငွေ့ဓါတ်
၁ဝ.ဝ %
(၂) အသားဓါတ် 
၁၉.၂ %
(၃)
အဆီဓါတ်   
၁.၅ %
(၄)
ကစီဓါတ် 
၅၇.၃ %
(၅)
အမျှင်ဓါတ်   
၈.၁ %
(၆)
ပြာဓါတ် ၃.၈ %

ပဲစဉ်းငုံ၏မူရင်းဒေသ (ORIGIN)

ပဲစဉ်းငုံ၏ မူရင်းဒေသမှာ အာရှတိုက်တောင်ပိုင်းမှ ဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့ပဲစဉ်းငုံထုတ်လုပ်မူ၏ ၉၂ %မှာ အိန္ဒိယနိုင်ငံဖြစ်ကြောင်းသိရပါသည်။ ၁၆ ရာစုတွင် ကမ္ဘာသစ်ခေါ်အမေရိကတိုက်သို့ ပဲမျိုး ရောက်ရှိခဲ့ကြောင်း၊ ပပိဖိတ်ဒေသသို့ ၁၈ ရာစုတွင်ရောက်ရှိကြောင်း။ အထူးသဖြင့် လတ္တီတွဒ် တောင်/မြောက် ၃ဝ အကြားတွင် စိုက်ပျိုးကြကြောင်း ကိုလံဘတ်သည် ကမ္ဘာသစ်သို့ ပဲစဉ်းငုံမျိုးကို ယူခဲ့ ဟန်ရှိကြောင်း၊ ဖိလစ်ပိုင်သို့ ၁၇၇၂ ခုနှစ်တွင် ပဲစဉ်းငုံမျိုးရောက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ မည်သည့် အချိန်တွင် မျိုးရောက်ရှိသည်ကို မသိရသေးဟုဆိုပါသည်။


စိုက်ပျိုးဒေသပျံနှံ့ခြင်း (DISTRIBUTION)

အိန္ဒိယနိုင်ငံသည် အများဆုံးစိုက်ပျိုးပြီး မြန်မာက ဧရိယာဒုတိယအများဆုံး စိုက်ပျိုးသည်ဟု သိရှိရပါသည်။ သို့ရာတွင်အထွက်နှုန်းမှာ အနည်းဆုံးရှိနေကြောင်း သိရပါသည်။ ပဲစဉ်းငုံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အများအပြားစိုက်ပျိုးကြောင်း၊ ပဲခူး၊ ကချင်၊ ချင်း၊ ရှမ်းတို့တွင် အနည်းငယ်စီ စိုက်ပျိုးကြောင်း၊ မိုးများသည့်ဒေသများတွင် စိုက်ပျိုးမှုနည်းပါးကြောင်း သိရပါသည်။


စိုက်ပျိုးထုတ်လုပ်သည့်ဒေသ

ပဲစဉ်းငုံကို မြန်မာပြည်ရှိ ပြည်နယ်/တိုင်း (၆) ခုခန့်တွင် စိုက်ပျိုးကြပြီး အများအပြား စိုက်ပျိုး သည့်ဒေသများမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ဖြစ်ပါသည်။ စိုက်ပျိုးသည့်တိုင်းများ အနက် မန္တလေးတိုင်းအတွင်းရှိ မိတ္တိလာ၊ မလှိုင်မြို့နယ်များတွင် အထူးအထွက်တိုး အဖြစ်စိုက်ပျိုး ထုတ်လုပ်ပါသည်။


ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ပဲစဉ်းငုံသည် မိုးရေချိန်လက်မ (၂၅) မှ (၃ဝ) ခန့်အထိ ရွာသွန်းသော အရပ်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး မိုးရေချိန်လက်မ (၄ဝ) ခန့်အထိရွာသွန်းပါက ပိုမိုဖြစ်ထွန်းပါသည်။ အပူပိုင်းဒေသ၊ မိုးနည်းရပ်ဝန်းဒေသများတွင် အများအပြားစိုက်ပျိုးကြသည်မှာ အတန်အသင့် မိုးခေါင်သောဒဏ်ကို ခံနိုင်စွမ်းရှိသည့် သီးနှံဖြစ်ပါသည်။ အထူးသဖြင့်မိုးဦးအချိန်အခါတွင် မိုးရေချိန် လုံလောက်စွာ ရရှိ၍ မြေအစို ဓါတ်အထိုက်လျောက် ထိမ်းသိမ်းနိုင်သည့် အသီးများ ဖြစ်ထွန်း ချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် နောက်မိုးရရှိခြင်း၊ မိုးနှင်းများရရှိပါက အပင်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပဲစဉ်းငုံ၏ သဘာဝမှာ ပဲသီးများ စတင်သီးချိန်မှစ၍ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကို မကြိုက်ပါ။

ပုံမှန်စိုက်ပျိုးသည့်ကာလမှာ မိုးဦးကျဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် စိုက်ပျိုးပါသည်။ ပဲစဉ်းငုံစိုက်ပျိုးရာ၌ တစ်ပင်နှင့်တစ်ပင် သုံးပေလေးပေခန့်ခွာ၍ စိုက်ပျိုးကြပါသည်။ အထူးအထွက်တိုး စိုက်ပျိုး ရာတွင် စိုက်တန်းအကွာအဝေးဖြင့် သီးနှံ ၉ ပေ x ၁ ပေ၊ သီးသန့်သီးနှံ ၂.၅ ပေ x ၂ ပေခန့် အတန်းခွာ၍ စိုက်ပျိုးကြပါသည်။ တစ်ကျင်းလျှင်ချန်ရန် အပင် တစ်ပင်ကျ ဖြစ် သည်။ မြေကောင်းလျှင် အပင်တန်း တစ်ခုနှင့် တစ်ခု ၅ ပေ၊ ၆ ပေခန့် ကွာခြားပြီးစိုက်ကြပါသည်။ ပဲစဉ်းငုံသီးနှံကို မိုးနှမ်း (နှမ်းလျင်)၊ မြေပဲများဖြင့် သီးညှပ်စိုက်ပျိုးကြပြီး ယင်းနှမ်းနှင့် မြေပဲပင် တို့မှာ ၃-၄ လခန့်ကြာလျှင် နုတ်သိမ်းရိတ်သိမ်းကြသဖြင့် ပဲစဉ်းငုံပင်တို့သာ ကျန်ရစ်ခဲ့ပါသည်။

ပဲစဉ်းငုံပင်ကို အထက်မြန်မာနိုင်ငံတွင် စတင်စိုက်ပျိုးသည့်အချိန်မှ (၇) လ (၈) လ ခန့်အကြာ တွင်ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးထုတ်လုပ်သောမျိုးစေ့နှင့် နည်းစနစ်ကိုအခြေပြု၍ ရိုးရိုးစိုက် သက်ကြီးမျိုးပဲစဉ်းငုံကို ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ မျိုးသန့် သုတေသနအဖြစ် စိုက်ပျိုးသောပဲစဉ်းငုံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်းလေ့ ရှိပါသည်။


စားသုံးနည်းများ

ပဲစဉ်းငုံကို အများအားဖြင့် အခြမ်းခွဲ၍ ဟင်းချိုချက်၍ စားသုံးလေ့ရှိပါသည်။ အချို့ဒေသများတွင် မရင့်မှည့်မီ အသီးအစိုများကို ဆွတ်ခူး၍ ပြုတ်စားလေ့ရှိပါသည်။ ဆန်မလုံလောက်သော ဒေသများတွင် ပဲစဉ်းငုံများကို ဆန်ဖြင့်ရော၍ ပဲထမင်းအဖြစ် ချက်ပြုတ်စားသုံးလေ့ရှိပါသည်။ ပဲစဉ်းငုံမှာ ဆိမ့်ချိုသော အရသာရှိ၍ ချက်ပြုတ်စားသောက်ရာတွင် ဥပဒ်အန္တရာယ်မဖြစ်စေနိုင်ဘဲ ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုသဖြင့် ကျေးလက်ဒေသများတွင်စားသုံးလေ့ရှိကြပါသည်။ အထူးသဖြင့် ပဲစဉ်းငုံကို အိန္ဒိယလူမျိုးများက ကြိုက်နှစ်သက်မှု အထူးရှိပါသည်။ တောင်သူများအနေဖြင့် ပဲစဉ်းငုံကို ပဲလုံးကြော်၊ ပဲပြုတ်၊ ပဲခြမ်းကြော်နှင့် ပဲပင်ပေါက်အဖြစ် ပြုလုပ်စားသုံးလေ့မရှိကြပါ။ ပဲကြာဇံလည်း ပြုလုပ် သုံးဆောင်ကြပါသည်။

Login Register





Login
Register

Products

black_eyed_pea
black_eyed_pea_1
black_eyed_pea_2
black_matpe
bocate
butter_beans
butter_beans_1
butter_beans_2
chick_peas
chick_peas_1
dry_urad
lentil
lentil_1
lentil_2
lima_bean
maung
maung_1
maung_3
maung_4
maung_5
pegyi
peyin
peyin_1
pigeon
pigeon_1
pigeon_3
red_kidney
red_kidney_1
sesame_seeds
sesame_seeds_1
sesame_seeds_black
soya
sultani
sultanipya
urad_1
white_lentils
beans

Who is Online ?

We have 12 guests online