Skip to Menu Skip to Content Skip to Footer

Urad (bean)

History Of Urad

Urad (Binomial name is Vigna mungo), also referred to as urad dal, udad dal, urd bean, urd, urid, black matpe bean, black gram, black lentil (much smaller true black lentil (Lens culinaris)), maas (in Nepali), đậu đen (Vietnamese, literally: black bean) or white lentil (Vigna mungo), is a bean grown in southern Asia. It is largely used to make dal from the whole or split, dehusked seeds.
Black gram originated in India where it has been in cultivation from ancient times and is one of the most highly prized pulses of India. It has also been introduced to other tropical areas mainly by Indian immigrants.


Producing Countries

Urad or Black Gram (Matpe) is widely grown in India, Myanmar , South-East Asia , Iran, Greece and East Africa as their tropical climates and soil type the pulse’s cultivation. The largest of this pulse is India followed by Myanmar and Thailand.

 

Importing Countries and Use

India is the largest produer of urad but It dos not take to a comfortable situation. As It is also the largest consumer of urad in the world and its total production is not able to fulfill its domestic demand. The incapability of India production to satisfy its demand makes it the largest importer of this pulses as well.
The major consuming cum importing countries of urad are India,China,Pakistan,Japan and Thailand.
Urad is mainly used for sprouting, making soups, pastes, cakes and curries. And it is also used in many other dishs in india as well as other countries.It is very nutritious and is recommended for diabetics, as are other pulses.


Exporting Countries

Urad is the largest exported pulse crop among the total beans and pulses. The total export of urad in the world contributing to a 40% share in the total quantity of the beans and pulses. The major exporting countries are Myanmar,Thailand and Australia.


Production of Myanmar

In Myanmar , Urad is gown during winter sesons (starting October), and it is harvested in  March  to April . Producing States and Divisions are Kachin,  Kayar, Sagaing, Tananthari ,pegu ( East and West), Mandalay , Mon, Shan (East, South and North) and Irriwady. Myanmar annually produces around 500,000 tonnes.


Export of Myanmar

In Myanmar, about 85% of total production of Urad is exported to India, China, Singaproe, Indonesia, Malaysia, Pakistan, Japan,Philippines, UAE ; etc , by  oversea or Border trade. Myanmar exported about 5 lk toones in 2006-07,  over 530000 tonnes in 2007-08 , over 530000 tonnes in 2008-09, about 620000 tonnes in 2009-10 and about 330000 tonnes in 2010-11 (up to November).

 

မတ်ပဲရာဇဝင်

မတ်ပဲကို Urad, black matpe bean, black gram,      ဟူ၍လည်းကောင်း နီပေါနိုင်ငံတွင် မအပ်စ်(maas ) ၊ ဗီယက်နမ်နိုင်ငံတွင် ဒေါင်ဒင်(đậu đen)ဟု ခေါ်ဆိုကြပြီး Binomial name အမည်မှာ Vigna mungo ဖြစ်ပါသည်။ မတ်ပဲ၏ မူရင်းဇစ်မြစ်သည် အိန္ဒိယဖြစ်ပြီး ရှေးယခင်ကပင်စတင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။ ထို့နောက် အိန္ဒိယလူမျိုးများ ရွှေ့ပြောင်းနေထိုင်ရာသို့ သယ်ယူစိုက်ပျိုးလာကြခြင်းဖြင့် အပူပိုင်းနိုင်ငံများစွာတွင် စိုက်ပျိုးလာကြောင်း သိရပါသည်။


မတ်ပဲထုတ်လုပ်သည့်နိုင်ငံများ

မတ်ပဲသည် အပူပိုင်းရာသီဥတုနှင့် မြေဆီလွှာကို ကြိုက်နှစ်သက်သဖြင့် အိန္ဒိယ၊ မြန်မာ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အီရန်၊ ဂရိနှင့် အရှေ့အာဖရိက နိုင်ငံများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံးစိုက်ပျိုးသည့် နိုင်ငံအနေဖြင့် အိန္ဒိယသည် ပထမ ဖြစ်ပြီး ထို့နောက်တွင် မြန်မာနိုင်ငံမှ ဒုတိယနေရာလိုက်ပြီး ထိုင်းနိုင်ငံမှ တတိယအများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။


တင်သွင်းနိုင်ငံများနှင့် အသုံးပြုပုံ

အိန္ဒိယနိုင်ငံသည်ကမ္ဘာပေါ်တွင် မတ်ပဲအများဆုံးစိုက်ပျိုးသည့် နိုင်ငံဖြစ်သည့်နည်းတူ ပြည်တွင်းစားသုံးမှုများသည့်နိုင်ငံလည်း

ဖြစ်ပါသည်။ ပြည်တွင်းထုတ်လုပ်မှုနှင့် လုံလောက်ခြင်း မရှိသဖြင့် ပြည်ပမှလည်း အများဆုံး တင်သွင်းသူ ဖြစ်ပါသည်။ မတ်ပဲ အဓိကတင်သွင်းသည့် နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။

မတ်ပဲကို အဓိကအားဖြင့် အချဉ်ဖောက်ပြီး ဒေသအစားအသောက်များပြုလုပ်သကဲ့သို့ ဟင်းလျာအဖြစ်လည်း စားသောက်ကြပါသည်။ ထို့အပြင် ပဲပင်ပေါက်၊ မတ်ပဲစွပ်ပြုတ်၊ ပဲအနှစ်၊ ကိတ်မှုန့််တို့လည်း ပြုလုပ်ကြောင်း သိရပါသည်။ မတ်ပဲသည် အဟာရအလွန်ပြည့်ဝပြီး အခြားပဲများကဲ့သို့ ဆီးချိုရောဂါအတွက် အထူးသင့်လျော်ပါသည်။


တင်ပို့သည့် နိုင်ငံများ

မတ်ပဲသည် အခြားပဲများအနက် ပြည်တင်ပို့မှု ပမာဏအများဆုံးပဲဖြစ်ပြီး ကမ္ဘာ့ပဲစုစုပေါင်း တင်ပို့မှု၏ ၄ဝ ရာခိုင်နှုန်းသော ဝေစုကို ရယူထားသည့် ပဲဖြစ်ပါသည်။ အဓိက တင်ပို့သည့် နိုင်ငံ များမှာ မြန်မာ၊ ထိုင်းနှင့် သြစတြေးလျ တို့ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု

မြန်မာနိုင်ငံတွင် မတ်ပဲကို ဆောင်းတစ်ရာသီသာ စိုက်ပျိုးပါသည်။ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလအတွင်း ရိတ်သိမ်းပါသည်။ မတ်ပဲစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များမှာ ကချင်၊ ကယား၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး(အရှေ့ နှင့် အနောက်) ၊ မန္တလေး၊ မွန်၊ ရှမ်း( အရှေ့၊ တောင်နှင့် မြောက်) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပါသည်။ နှစ်စဉ်တန်ချိန် ၅သိန်းမှ ၆သိန်းဝန်းကျင်ခန့် ထုတ်လုပ်ကြောင်း သိရပါသည်။


မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မှု

မြန်မာနိုင်ငံမှ ထုတ်လုပ်သော မတ်ပဲကို ပြည်တွင်းစားသုံးမှုအနည်းငယ်သာရှိပြီး ၈၅  ရာခိုင်နှုန်း ခန့်မှာ အိန္ဒိယ၊ တရုတ်၊ အင်နီးရှား ၊ မလေးရှား၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ယူအေးအီး စသည့်နိုင်ငံ များကို ပင်လယ်ရေးကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ တင်ပို့ပါသည်။ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှု တို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၄၈၉၆၃ဝ၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၅ဝ၉၁၉ဝ ၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၅၃ဝ၇၃ဝ၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၆၁၈၆၅ဝ နှင့် ၂ဝ၁ဝ-၁၁ တွင်တန်ချိန် ၄.၆၄ သိန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။

 

 

 

 

 

 

 

 

 

(၁)    မတ်ပဲ

မတ်ပဲ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည်
-  မတ်ပဲ
(ခ)
ဒေသအခေါ်အဝေါ် 
-  မတ်ပဲ (MATPE) , ရှေးအခေါ် မာ့သ်ပဲ
(ဂ) အင်္ဂလိပ်အမည် -    BLACK  GRAM, BLACK  PULSES, BLACK  MATPE
(ဃ) အိန္ဒိယအမည်
-    URAD အူရက် (အနောက်အိန္ဒိယကျွန်းစုတွင် PYROL) ဟုခေါ်သည်။
(င) မလေးရှားအမည် - MINUMULU
(စ) ဘင်္ဂလားဒေ့ရှ်အမည်
- TIKARI
(ဆ) ဖိလစ်ပိုင်အမည်
-    MUNGO
(ဇ) သီရိလင်္ကာအမည် -    UNDU
(စ်)   
ရုက္ခဗေဒအမည်    
-    PHASEOLUS MUNGO LINN, VIGNA MUNGO
(L) HEPPER

, PHASEOLUS MUNGO

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

မတ်ပဲ၏ပုံသဏ္ဍာန်မှာ ဆလင်ဒါပုံစံကဲ့သို့ဖြစ်ပြီး အစေ့မှာ သေးငယ်ပါသည်။ ပဲတီစီမ်း၊ ပဲနောက် စသည့်ပဲများနှင့်အရွယ်အစားတူသရောင်ရှိပါသည်။ မတ်ပဲ၏အရွယ်အစားမှာ အလုံးအရွယ်အကြီးအသေး ရှိကြပါသည်။

အချို့မတ်ပဲများမှာ ပဲတီစီမ်း၊ ပဲနောက်တို့ထက် အနည်းငယ်အလုံးပိုကြီးပါသည်။ သေချာစွာ လေ့လာပါက လုံးဝိုင်းသော ပုံသဏ္ဍာန်မဟုတ်ပါ။ ပဲလုံးများသည် ဗုံတိုကဲ့သို့ ခပ်သွယ်သွယ် ပုံသဏ္ဍာန်ရှိ ပါသည်။ ပဲလုံး၏အရွယ်အစားမှာ အလျား ၅ မီလီမီတာခန့်ရှိ၍ အနံ ၃.၅ မီလီမီတာခန့် ရှိပါသည်။ ပဲ၏အရောင်မှာ အများအားဖြင့် အနက်ရောင်ဖြစ်၍ အချို့ဒေသများ၌ စိုက်ပျိုးထွက်ရှိသော မတ်ပဲများမှာ အစိမ်းရောင်လည်း တွေ့ရှိရတတ်ပါသည်။ သို့ဖြစ်၍ မတ်ပဲ၏အရောင်ကိုလိုက်ပြီး မတ်ပဲနက် (Black Matpe) နှင့် မတ်ပဲစိမ်း (Green Matpe) ဟူ၍ခေါ်ကြသည်။မတ်ပဲ၏မျက်စေ့ခေါ် အညှောင့် ထွက်ရာနေရာမှာ အဖြူတန်းအဖုငယ်လေးဖြစ်နေပါသည်။


အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

အသီး၏ပုံသဏ္ဍာန်မှာ ပဲတောင့်အလုံးမျိုးဖြစ်ပြီး အလျား ၁.၆ လက္မမှ ၂.၅ လက္မ(၄ မှ ၆ စင်တီမီတာ) ရှိပါသည်။  ပဲသီးတစ်တောင့်လျှင် ၄ စေ့မှ ၁ဝ စေ့ခန့်ပါဝင်ပါသည်။ ပဲနောက်၊ ပဲတီစိမ်း အသီးများနှင့် ဆင်တူပါသည်။ အသီးတွင်အမွှေးငယ်များပါဝင်ပြီး အသီး၏ထိပ်တွင် သိန်းငှက်နှုတ်သီး သဏ္ဍာန်ငယ်ကဲ့သို့ ရှိပါသည်။ အသီးရင့်မှဲ့ချိန်တွင် ဝါ/ညိုရောင်သို့ ပြောင်းလဲသွားပါသည်။ မတ်ပဲတွင်ပါဝင်သော အဟာရဓါတ်များ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၏ မတ်ပဲစိုက်ပျိုးနည်းတွင် ဓါတုပစ္စည်းပါဝင်မှုကို အောက်ပါ အတိုင်းလေ့လာဖေါ်ပြထားသည်ကို တွေ့ရပါသည်။

(၁)    ရေငွေ့ဓါတ်
၉.၇ %
(၂)    အသားဓါတ် 
၂၃.၄ %
(၃)    အဆီဓါတ်
၁.ဝ %
(၄)    ကစီဓါတ် ၅၇.၃ %
(၅)    အမျှင်ဓါတ်           
၃.၈ %
(၆)    ပြာဓါတ် ၄.၈ %
၁ဝဝ.ဝ %

 

မတ်ပဲ၏မူရင်းဒေသ (ORIGIN)

မတ်ပဲ၏ မူရင်းဒေသမှာ အာရှတိုက်အရှေ့တောင်ပိုင်းမှ စတင်ကြောင်း၊ အာရှတိုက်အရှေ့ တောင်ပိုင်းတွင် အများအပြားတွေ့ရပြီး အထူးသဖြင့် အိန္ဒိယပြည်တွင် အများအပြား စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးဒေသပျံနှံ့ခြင်း(DISTRIBUTION) မတ်ပဲကို အာရှ၊အာဖရိကနှင့် အမေရိကတိုက် အပူပိုင်းဒေသများတွင် စိုက်ပျိုးထုတ်လုပ်ကြောင်း၊ မတ်ပဲမျိုးစေ့ကို ပြည်ပရောက် အိန္ဒိယတိုင်းသားများမှ ရယူစိုက်ပျိုးခဲ့ကြကြောင်း သိရပါသည်။ စိုက်ပျိုးထုတ်လုပ်သည့်ဒေသ မတ်ပဲကို ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းများတွင် အများဆုံးစိုက်ပျိုးပါသည်။

 

ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

မတ်ပဲသည် မြန်မာပြည်တွင် အဓိကအားဖြင့် ဆောင်းသီးနှံဖြစ်သည့်အတွက် မြေအစိုဓါတ်ရရှိရုံ၊ မိုးဖွဲမိုးသေး ရွာသွန်းမှုနှင့် နှင်းကျသော ရာသီဥတုများကို ကြိုက်နှစ်သက်ပါသည်။ မတ်ပဲများကို အများအားဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးလေ့ရှိသည်။ အချို့မတ်ပဲများမှာ တစ်နှစ်လျှင်သုံးကြိမ်အထိ စိုက်ပျိုးနိုင်သည်။ မိုးများသည့်ဒေသများတွင် သုံးကြိမ် မစိုက်ပျိုးနိုင်ပါ။ နေရာဒေသအလိုက် မိုးဦး၊ မိုးနှောင်းရာသီများတွင် ယာမြေများ၌ စိုက်ပျိုး၍ ဆောင်း ရာသီတွင် လယ်သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။ မတ်ပဲကို စိုက်ပျိုးပြီး လေးလခန့်အကြာတွင် ရိတ်သိမ်းသည်။ ဖေဖေါ်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းလေ့ရှိသည်။ အရွက်များ အဝါရောင်ပြောင်း၍ ခြောက်သွေ့လာပြီး အသီးများမဲရောင်သန်း လာပါက ရိတ်သိမ်းနိုင်သည်။ အသီးများမရင့်မှည့်မီ ရိတ်သိမ်းက အစေ့များရှုံ့တွ သေးငယ်နိုင်သည်။ ရက်လွန်ရိတ်သိမ်း ပါကလည်း အသီးများ ကွဲအက်၍ လွင့်စင်ဆုံးရှုံးနိုင်သည်။


စားသုံးနည်းများ

မတ်ပဲကို မြန်မာပြည်တွင် စားသုံးမှုနည်းပါးပါသည်။ အချို့အရပ်ဒေသများတွင် အခြမ်းပြုလုပ်၍ ဟင်းချိုချက်သောက်ခြင်း၊ အမှုန့်ကြိတ်၍ မတ်ပဲဘယာကြော်ပြုလုပ်ခြင်း၊ ပဲတီစိမ်းကဲ့သို့ ပဲပင်ပေါက် ဖေါက်၍ စားသုံးမှုပြုပါသည်။ ဂျပန်ပြည်တွင် ပဲပင်ပေါက်ဖေါက်၍ စားသုံးပြီး အိန္ဒိယတွင် ဘယာကြော် အဖြစ်စားသုံးသည်။ တရုတ်ပြည်တွင် ပဲကြာဆံပြုလုပ် စားသုံးကြသည်။


(၂)    နှစ်အလိုက်ပြည်ပတင်ပို့မှု

ရေတွက်ပုံ-တင်း

၂ဝဝ၅-ဝ၆ ၂ဝဝ၆-ဝ၇ ၂ဝဝ၇-ဝ၈ ၂ဝဝ၈-ဝ၉ ၂ဝဝ၉-၁ဝ

၂ဝ၁ဝ-၁၁

၂ဝ၁၁-၁၂
(၁ဝ.၂.၁၂)ထိ
၃၇၉၆၁၇ ၄၈၇၁၂၅ ၄၉၄၄ဝဝ ၅၂၉၈ဝဝ ၆၁၅၈ဝ၄ ၄၆၄၃၉၃

၅၃ဝဝ၆၇

နှစ်အလိုက်တင်ပို့မှုအခြေအနေအရ မတ်ပဲကိုတစ်နှစ်လျှင် ပျမ်းမျှတန်ချိန် (၅)သိန်းတင်ပို့မှု ရှိကြောင်း သုံးသပ်ရရှိပါသည်။ အဓိက အိန္ဒိယသို့ ၇ဝ% ကျော်တင်ပို့ပြီး စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံများသို့ ၂ဝ% ကျော်တင်ပို့ရောင်းချမှုရှိကြောင်း တွေ့ရှိရပါသည်။


(၃) ယခင်နှစ်/ယခုနှစ်တင်ပို့မှုအခြေအနေ

ပဲမျိုးစုံယခင်နှစ်/ယခုနှစ်တင်ပို့မှုနှင့် ကာလတူတင်ပို့မှုအခြေအနေများကို လေ့လာပါက အောက်ပါအတိုင်းတွေ့ရှိရပါသည်။

တန်ဘိုး-အမေရိကန်ဒေါ်လာသန်းပေါင်း

အမျိုးအမည် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်
အရေ
အတွက်
(တန်)
တန်ဘိုး
ဒေါ်လာသန်း
၁.၄.၂ဝ၁ဝ မှ
၁ဝ.၂.၂ဝ၁၁)
၁.၄.၂ဝ၁၁ မှ
၁ဝ.၂.၂ဝ၁၂)
တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး
ပဲမျိုးစုံ ၉၅၇ဝ၁၁ ၉၃၈.၈၆၃ ၇၉၈၉၉၈ ၇၈၆.၈၇၂ ၁၁၉၃၃၃၁ ၉၄၅.၃၉၂
မတ်ပဲ ၄၆၄၃၉၃ ၄၅၈.၆၃၅ ၄၁၉ဝ၈၁ ၄၁၅.၇၆၅ ၅၃ဝဝ၆၇ ၄၃၂.၇၃၇


(၄) တင်ပို့မှုအပေါ်သုံးသပ်ရရှိချက်

မတ်ပဲအနေဖြင့် ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံးတင်ပို့မှုအနေဖြင့် တန်ချိန်၎.၆သိန်းကျော်တင်ပို့ခဲ့ပြီး USD 458. 635 သန်းရရှိခဲ့သည်ကိုတွေ့ရှိရပြီး ယခုဘဏ္ဍာနှစ်တွင် (၃.၂.၂ဝ၁၂) နေ့အထိ တန်ချိန် ၅သိန်းကျော်တင်ပို့ခဲ့ပြီး USD 426.141 သန်းရရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင်ပဲတင်ပို့မှုအခြေအနေပိုမိုခဲ့သော်လည်းပဲတင်ပို့မှုအတွက် ရရှိသည့်ငွေမှာ လျော့နည်းနေသည်ကို တွေ့ရှိရသဖြင့် ခြုံငုံသုံးသပ်ပါက ယခင်နှစ်ထက်ပဲဈေးလျော့နည်းရရှိမှုကြောင့်သာ ပဲတင်ပို့မှုအတွက် ရရှိငွေလျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖျဉ်း သုံးသပ်ရရှိပါသည်။ အသေးစိပ်အချက်အလက်များလေ့လာပါက ပို့ကုန်ရငွေ တစ်ယူနစ်တန်ဘိုးလျော့ကျခဲ့ခြင်း၊ အဓိက ပဲဝယ်ယူသူ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏ ပဲအထွက် တိုးတက် ခဲ့ခြင်းကြောင့် ပဲဈေးကို၎င်းတို့ အဆင်ပြေမည့်ဈေးရရှိအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ခြင်း အချက်အလက်များလည်း တစ်စိပ်တစ်ပိုင်း ပါဝင်နေသည်ကို သုံးသပ်ရရှိပါသည်။


(၅) ဘဏ္ဍာနှစ်အလိုက်၊ လအလိုက် ဈေးနှုန်းဖြစ်ပေါ်ခဲ့မှုများ

ပူးတွဲပါနောက်ဆက်တွဲ-(က)


(၆) ဈေးနှုန်းအပေါ်သုံးသပ်ချက်

၎င်းအခြေအနေအရ ၎င်းအပေါ်ခြုံငုံသုံးသပ်ရာတွင် နှစ်အလိုက်၊ လအလိုက် ဈေးဖြစ်ပေါ်ခဲ့မှုများ အပေါ်ပျှမ်းမျှတွက်ချက်ပါက ၂ဝဝ၆-၂ဝဝ၇၊ ၂ဝဝ၇-၂ဝဝ၈ တို့တွင် ပုံမှန်ဈေးဖြစ်ပေါ်ခဲ့သော်လည်း ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် ဈေးနိမ့်ကျသည်ကိုတွေ့ရှိရသည်။၎င်းမှာ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင်ပဲလောက အရှုပ်အရှင်းဖြစ်ပေါ်ခဲ့ပြီး၊ ၎င်းဂယက်ကြောင့် ပဲဈေးများ ကျဆင်းကာ ဈေးကွက် ကမောက်ကမ ဖြစ်ပေါ်ခဲ့ရသည့် အချက်များသည်လည်း အဓိကပါဝင်ခဲ့သည်ကိုတွေ့ရှိသုံးသပ်ရပါသည်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်မူတစ်ကမ္ဘာလုံးတွင်(အယ်နီညို) ပူပြင်းခြေက်သွေ့မှု၏ ဂယက်ကြောင့် ပဲစိုက်ပျိုးမှု၊ ပဲအထွက်နှုန်း များလျော့ကျခဲ့ပြီး ဈေးကွက်၏တောင်းဆိုမှုကြောင့် ပဲဈေးနှုန်းများကောင်းမွန်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အထိ ပဲဈေးများ တိုးမြှင့်ရရှိခဲ့ သည်ကို တွေ့ရှိသုံးသပ်ရပါသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင်မှု ပဲအဓိကဝယ်ယူသူ အိန္ဒိယနိုင်ငံ၏ပဲစိုက်ပျိုးမှု၊ ပဲအထွက်များတိုးတက်ခဲ့သဖြင့် ပဲဈေးနှုန်းဈေးကွက် အခြေအနေကို ၎င်းတို့ထိန်းသိမ်းဝယ်ယူခဲ့ခြင်းနှင့် ပို့ကုန်ရောင်းရငွေ အမေရိကန်ဒေါ်လာတစ်ယူနစ် တန်ဘိုး ကျဆင်းခဲ့မှုများကြောင့် ပဲဈေးများကျဆင်းခဲ့ရသည်ကို သုံးသပ်ရရှိခဲ့ပါသည်။


(၇)အထွေထွေသုံးသပ်ရရှိချက်များ

အထက်ပါတွေ့ရှိချက်များအရ ပဲဈေးကွက်အခြေအနေသည် အဓိကပဲစားသုံးသူ အိန္ဒိယနိုင်ငံ၏ မိုး/ဆောင်းပဲစိုက်ပျိုးနိုင်မှုအခြေအနေ၊ ပဲထွက်ရှိမှုအခြေအနေနှင့် ရာသီဥတု အခြေအနေတို့ အပေါ်တွင် လည်းတည်မှီလျှက်ရှိပြီး ၎င်းတို့အနေဖြင့်ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးထွက်ရှိမှု အခြေအနေ ကောင်းသည့်နှစ်များတွင် ဈေးကွက်ကို ၎င်းတို့လိုသလို ထိန်းကျောင်း ဝယ်ယူ သွားနိုင်ပြီး ရာသီဥတု ဖေါက်ပြန်၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများမကောင်းခဲ့ပါက ၎င်းတို့လိုအပ်ချက်ကို ဈေးဖွင့် ဝယ်ယူသည့်အချက်များ ကိုလည်းတွေ့ရှိရပါသည်။ ထို့အပြင်၎င်းတို့အနေဖြင့် ပဲစိုက်ပျိုးသူ တောင်သူများအပေါ် MSP  ထောက်ပံ့နှုန်းများ တိုးမြှင့်ပေးပြီး ပဲပိုမိုစိုက်ပျိုးအောင် ဆွဲဆောင်ခြင်း၊ ပဲတင်သွင်းသူ ကုမ္ပဏီများကို ၁၅ % ငွေပြန်ထုတ်ပေးခြင်း၊ ပဲဝါလေး ကဲ့သို့သော ဈေးသက်သာသည့် ကနေဒါပဲများကို ပိုမိုတင်သွင်း၍ ဈေးကျအောင်ဖန်တီးဆောင်ရွက်ခြင်းနှင့် အာဖရိကနိုင်ငံတစ်ချို့တွင်သွားရောက်၍ ပဲစိုက်ပျိုးပြီး ပြန်လည်တင်သွင်းခြင်း စသည့် နည်းဗျူဟာ၊ မဟာဗျူဟာအစီအမံများဖြင့် စနစ်တကျ ဆောင်ရွက်၍ ပဲဈေးကွက်ကို ၎င်းတို့လိုသလိုရအောင် ပုံဖေါ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်ကို သုံးသပ်ရရှိပါသည်။

ကမ္ဘာ့ပဲအများဆုံးတင်ပို့သူ ကနေဒါနိုင်ငံအနေဖြင့်လည်း အထွက်နှုန်းကောင်းသော ပဲမျိုးများကို နှစ်အလိုက်စီမံကိန်းချစနစ်တကျတီထွင်ထုတ်လုပ်၍ စိုက်ပျိုးဆောင်ရွက်စေခြင်း၊ ဈေးကွက်များကို ရှာဖွေခြင်း၊ ဈေးနှုန်းသက်သာသော ပဲမျိုးများကို တိုးတက်ထုတ်လုပ်၍ ပဲအဓိကတင်သွင်းသူအိန္ဒိယနိုင်ငံသို့ တိုးတက်တင်သွင်း သွားနိုင်ရေး အစီအမံများစနစ်တကျဆောင်ရွက်၍ တစ်နှစ်ထက် တစ်နှစ်ပိုမိုတင်ပို့ နိုင်ရေးစီမံဆောင်ရွက်ခြင်း စသည့် အစီအမံများဖြင့် ဈေးကွက်ကိုစိုးမိုးနိုင်ရေးဆောင်ရွက်ချက်များကိုလည်း သုံးသပ်တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းဈေးကွက်များတွင် ပုံမှန်အားဖြင့်ပဲပေါ်ရာသီအထွက်လှိုင်သော အချိန်များတွင်ဈေးကွက်သဘောသဘာဝအရ ရောင်းလိုအားများ၍ဈေးနှုန်းကျဆင်းတတ်ပြီး၊ ကမ္ဘာ့ဝယ် လိုအားအခြေအနေ၊ ဈေးကွက်အခြေအနေများကိုသုံးသပ်ချိန်ဆပြီး ကုန်သည်များ၊ ကြီးများမှ ပဲဈေးနှုန်းများကို ဈေးဖွင့်ဝယ်ယူလေ့ရှိကြပြီး သိုလှောင်ထားရှိကာ ဈေးကောင်းရရှိသော အချိန်တွင် ပြန်လည်ရောင်းချသည့် သဘောသဘာဝရှိကြောင်း သုံးသပ်ရရှိပါသည်။

Login Register





Login
Register

Products

black_eyed_pea
black_eyed_pea_1
black_eyed_pea_2
black_matpe
bocate
butter_beans
butter_beans_1
butter_beans_2
chick_peas
chick_peas_1
dry_urad
lentil
lentil_1
lentil_2
lima_bean
maung
maung_1
maung_3
maung_4
maung_5
pegyi
peyin
peyin_1
pigeon
pigeon_1
pigeon_3
red_kidney
red_kidney_1
sesame_seeds
sesame_seeds_1
sesame_seeds_black
soya
sultani
sultanipya
urad_1
white_lentils
beans

Who is Online ?

We have 45 guests online