Peyin

Description

ပဲယင်းကိုမြေပြန့်နှင့် တောင်ကုန်းများသောဒေသတို့တွင်စိုက်ပျိုးလေ့ရှိပြီး အစေ့သက်တမ်းနှင့် ဒေသခံ ပေါ်တွင်မှုတည်၍ အရွယ်အစားနှင့်အရောင်အမျိုးမျိုးရှိသည်။ ပဲယင်းအစို၏အရောင်သည် များသောအားဖြင့် ပုလဲ(သို့)အစိမ်းရောင်လွှမ်းသော အဝါရောင်ရှိသော်လည်း သိုလှောင်ထိမ်းသိမ်းထားစဉ်တွင် များသောအားဖြင့် အညိုရောင်သို့ပြောင်းသွားလေ့ရှိသည်။ ပဲယင်းကို ပဲအတိုင်းသော်လည်းကောင်း ကောက်ညှင်းဆန်နှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်။

Specifications

မြန်မာနိုင်ငံတွင် ပဲယင်းကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ ပဲယင်းကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ တို့တွင် စိုက်ပျိုးမှု များကြောင်း သိရှိရပါသည်။

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၁၃၈၁၆၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၁၈၂၃၆၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၁၈၁၂၁၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁၃၃၃ဝ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၇၈၄ဝ တင်ပို့ခဲ့ကြောင်း သိရပါသည်။

ပဲယဉ်း၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည်- ပဲယဉ်း
(ခ) ဒေသအခေါ်အဝေါ် – ပဲယဉ်း
(ဂ) အင်္ဂလိပ်အမည် – RICE BEAN / INDIAN RICE BEAN
(ဃ) အိန္ဒိယအမည် – မို့ဘ်ဘိန်း (MOTH BEAN)
(င) ရုက္ခဗေဒအမည်- PHASEOLUS CALCARATUS ROXB,PHASEOLUS ACCONITIFOLIUS,VIGNA ACCONITIFOLIUS, VIGNA UMBELLATA THUMB

ပဲယဉ်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲနောက်ကဲ့သို့ လုံးသွယ်ဖြစ်ပြီး ယင်းပဲများနှင့် အရွယ်အစားမှာ များစွာ ကွာခြားမှုမရှိပါ။ သို့ရာတွင် ပဲယဉ်းသည် အလုံးသေးပြီးဖြောင့်တန်းသော အလျားရှည်သည့် ပဲလုံးမျိုးဖြစ်ပါသည်။ ဘိုကိတ်ပဲနှင့်ပဲလွန်းတို့လောက် အရွယ်မကြီးပါ။ ပဲစေ့၏အရွယ်မှာ အရွယ်ကြီး သည့်ပဲများ၌ အလျား (၆) မီလီမီတာနှင့် (၃.၅) မီလီမီတာခန့်ရှိပါသည်။ ပဲအခွံမာ၍ အရောင် တောက်ပြောင်ပါသည်။ အရောင်မှာ ကာကီဖျော့ရောင်၊ အညိုဖျော့ရောင်၊ မြင်းချေးစိမ်းဝါရောင်၊ ဝါညို ရောင်သဘောမျုးိတွေ့ရပါသည်။ ပဲစေ့၏ဝမ်းဗိုက်တွင် အညှောင့်ဗီဇနေရာ အဖြူစင်းကြောင်းရှည် တစ်ခု ရှိပါသည်။ မတ်ပဲ၊ ပဲတီစိမ်းတို့ထက် အလုံးပိုသွယ်ပါသည်။ အစေ့ (၁ဝဝ) လျှင် ၁၈ ဂရမ်ခန့်လေး ပါသည်။

ပဲယဉ်းအသီး၏ပုံသဏ္ဍာန်မှာ ဒန့်ကျွဲသီးနှင့်ဆင်တူပြီး အကာထူပါသည်။ အသီး၏အရွယ်မှာ ၁၅ x ၂၅ x ၁.၅ စင်တီမီတာ၊ ဆလင်ဒါပုံ လုံးလုံးရှည်ရှည်ဖြစ်ပါသည်။ အသီးများနုစဉ်၌ အစိမ်းရောင် ဖြစ်၍ ရင့်မှည့်လာသည့်အချိန်တွင် ဝါညိုရောင်သို့ ပြောင်းလဲသွားပါသည်။ အသီး၏ထိပ်တွင် နှုတ်သီး သဏ္ဍာန်ရှိပြီး အသီးတစ်သီးလျှင် ပဲစေ့ (၄) စေ့မှ (၉) စေ့အထိပါဝင်ပါသည်။

ပဲယဉ်းတွင် ပါဝင်သော အာဟာရဓါတ် ရာခိုင်နှုန်းတို့မှာ ဓာတ်ခွဲစမ်းသပ်ချက်အရ အောက်ပါ အတိုင်း ဖြစ်ကြောင်းသိရပါသည်။

(၁) အစိုဓါတ် (Moisture %) 16.11 %
(၂) အဆီဓါတ် (Fat %) 0.82 %
(၃) အမျှင်ဓါတ် (Fibre %) 3.55 %
(၄) ပရိုတင်းဓါတ် (Protein %) 17.85 %
(၅) ပြာဓါတ် (Ash %) 3.99 %
(၆) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 57.68 %
(၇) ဆီဓါတ် (Oil %) 0.82 %

ပဲယဉ်း၏မူရင်းဒေသမှာ အိန္ဒိယ၊ မြန်မာပြည်နှင့် ပါကစ္စတန်တို့ဖြစ်ကြောင်း သိရပါသည်။ ယင်း တိုင်းပြည်များတွင် ပဲယဉ်းကို အများအပြားစိုက်ပျိုးကြပါသည်။

ပဲယဉ်းသည် မူရင်းစိုက်ပျိုးသည့်ဒေသများမှ သီရိလင်္ကာ၊ တတရုတ်နိုင်ငံများသို့ ပျံ့နှံ့ခဲ့ ပါသည်။ ၁၉၈၂ ခုနှစ်တွင် အမေရိကန်ပြည် ကာလီဖိုးနီးယား၊ တက္ကဆပ်ပြည်နယ်များသို့ မျိုးရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

ပဲယဉ်းကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အများအပြားစိုက်ပျိုးကြပါသည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အသင့်အတင့်စိုက်ပျိုးကြသည်။

ပဲဖြူလေးများကို အခြားဆောင်းသီးနှံများနည်းတူ မြေအစိုဓါတ်ဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ မိုးအထူးမလိုအပ်ဘဲ ဆောင်းနှင်းဖြင့်ပင် အောင်မြင်လေ့ရှိပါသည်။

ပဲဖြူကလေးကို စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြပါသည်။ မြစ်ကမ်းနဘေး မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးရာ၌ မြစ်ရေ၊ ချောင်းရေ ကျဆင်းချိန်စောမှု၊ နောက်ကျမှု အပေါ် တွင် မူတည်၍ စိုက်ပျိုးမှုစောခြင်း၊ နောက်ကျခြင်းများဖြစ်နိုင်ပါသည်။

ပဲဖြူလေးများကို အချို့သော ဆောင်းသီးနှံများနည်းတူ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ပဲပင်များ ရင့်မှည့်အောင်မြင်လာသည့်အခါ ရိတ်သိမ်း၍ တလင်းသို့ သယ်ဆောင်ပြီး နွားဖြင့် နယ်ခြင်း၊ တုတ်ဖြင့်ရိုက်ထုခြင်းများ ပြုလုပ်ကြပါသည်။ တံစဉ်ဖြင့်ရိတ်ပြီး စိုက်ခင်းတွင်အပုံလေးများအဖြစ် ပုံထား၍ အခြောက်ပြုကာ တလင်းသို့ရွှေ့ပြောင်း သယ်ယူ ပါသည်။ ခြွေပြီးသော အစေ့များကိုလေလှေ့ ယပ်ခပ်သန့်စင်ပါသည်။

ပဲယဉ်းကို ဆန်ရှားပါသည့်ဒေသများတွင် ဆန်ဖြင့်ရော၍ ချက်ပြုတ်စားသုံးလေ့ရှိပါသည်။ အချို့ ဒေသများတွင်မူ ပဲယဉ်းကိုပြုတ်၍ နေခြောက်အောင်လှမ်းထားပြီးမှ ဆန်နှင့်ရောပြီးထမင်းချက် စားသုံးကြောင်း သိရပါသည်။ ပဲယဉ်းကိုထမင်းတွင်ရောနှောစားသုံးမှုဓလေ့အချို့ရှိသဖြင့် တောင်သူ အိမ်ထောင်များအနေဖြင့် ပဲယဉ်းကို တစ်နှစ်စာ (၅) တင်းမှ (၁ဝ) တင်းအထိ ချန်လှပ် သိမ်းဆည်း တတ်ကြောင်းသိရပါသည်။ ဆန်ရရှိမှု ၊ ဆန် ၊ စပါး ပေါများမှုအပေါ် မူတည်၍ ပဲယဉ်းချန်လှပ်မှု ပြုပါသည်။

Looking for an Business Opportunity?